လိုင်စင်မဲ့လေသေနတ် ပြန်မအပ်ရင် အရေးယူမည် - မေးမြန်းချက်
ပီတာအောင်
·
August 29, 2014
[caption id="attachment_63637" align="alignleft" width="300"] ရဲမှူးချုပ် ၀င်းခေါင်[/caption]မြန်မာနိုင်ငံထဲမှာ လိုင်စင်မဲ့ အသုံးပြုနေတဲ့ လေသေနတ်တွေကို လာမယ့် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး နီးစပ်ရာရဲစခန်းတွေဆီ လာရောက်အပ်နှံကြဖို့နဲ့ သတ်မှတ်ကာလ အတွင်း လာရောက်မအပ်နှံ့ရင် ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က သံဘောစေ့နဲ့ ပစ်ခတ်လို့ရတဲ့ လေသေနတ် ၈ လက်နဲ့ ကော်စေ့နဲ့ ပစ်ခတ်ရတဲ့ Air Soft Gun သေနတ် ၉၆ လက် စုစုပေါင်း ၁၀၄ လက်ကို ရဲတပ်ဖွဲ့က ရန်ကုန်မှာ သိမ်းဆည်းရမိခဲ့ပြီးနောက် ခုလို ဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။
တရားမ၀င် လေသေနတ်တွေ ပြန်လည်သိမ်းဆည်းနေရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးဝင်းခေါင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။