DVB Logo
Home
မြန်မာသတင်း
အာဆီယံ အင်နီမေးရှင်းပြိုင်ပွဲ မြန်မာများ အောင်ပွဲခံ
DVB
·
August 28, 2014
အာဆီယံ အင်နီမေးရှင်းပြိုင်ပွဲ မြန်မာများ အောင်ပွဲခံ
1 / 3
Donate to DVB

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပတဲ့ ASEAN Copy Right Awareness Animation Competition (အာဆီယံ မူပိုင်ခွင့် နားလည်သဘောပေါက်ရေး အာဆီယံ အင်နီမေးရှင်းပြိုင်ပွဲ) မှာ မြန်မာအသင်း သုံးသင်းက ပထမ၊ ဒုတိယ၊ တတိယ သုံးဆုစလုံးကို အသီးသီးဆွတ်ခူးရရှိခဲ့ပြီး ကျန်နိုင်ငံတွေက နှစ်သိမ့်ဆုတွေ ရရှိခဲ့ကြပါတယ်။

[caption id="attachment_63602" align="alignleft" width="300"]prize1 ပထမဆု လက်ခံရယူစဉ်[/caption]

နောက်ဆုံးပြိုင်ပွဲ မှာ မြန်မာ Animator ကိုလင်းထက်မော်က ပထမဆု ရရှိခဲ့ပါတယ်။ ဒုတိယဆုကို ကိုအောင်ရဲကျော်၊ တတိယဆုကို ကိုရဲဝင်းတို့က အသီးသီးဆွတ်ခူး ရရှိခဲ့ကြပြီး ဒီကနေ့ ဆုကြေညာတာလို့ ကိုလင်းထက်မော်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_63603" align="alignleft" width="300"]prize2 ဒုတိယဆု လက်ခံရယူစဉ်[/caption]

ပထမဆုရှင် ကိုလင်းထက်မော်က “အာဆီယံ ကျန်တဲ့နိုင်ငံတွေ ကို မေးကြည့်တော့ သူတို့က တနှစ်ဆိုရင် အင်နီမေးရှင်း ရုပ်ရှင်တွေ ဘာတွေ ထုတ်နိုင်တယ်။

ဒါပေမယ့် မြန်မာပြည် မှာတော့ Animation Industry က မရှိသလောက် ကို ဖြစ်နေတာ။ ရှိခဲ့တဲ့ဟာကလည်း ကော်ပီပြဿ နာတွေကြောင့် ဘယ်လိုပြောမလဲ ကျရှုံးသွားတယ်ပေါ့နော်။ အဲဒါကိုသိတော့ အဲဒါကို အခြေခံပြီးတော့ ဇာတ်လမ်းကို တည်လိုက်တာ။ အဲဒီတော့ သူတို့က ကျနော့် presentation (တင်ဆက်) တာမှာ ရှင်းပြတဲ့အခါကျတော့ သူတို့က အဲဒါကို လက်ခံတယ်။ အဲဒါကြောင့်လည်း ကျနော့်ကို presentation stage မှာ တင်ပေးတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

[caption id="attachment_63604" align="alignleft" width="300"]prize တတိယဆု လက်ခံရယူစဉ်[/caption]

ပြိုင်ပွဲအ တွက် ပေးထားတဲ့ အလုပ်ကို ရန်ကုန်က အလုပ်တွေ မအားတဲ့ကြား က နေ့မအိပ်ညမအိပ် သုံးပတ်လောက် အတွင်းမှာ ပြီးအောင် လုပ်ခဲ့ရတာလို့ သူက ပြောပါတယ်။

ဒေသတွင်းမှာ အာဆီယံ မူပိုင်ခွင့်ကို လူထုအကြား ပိုမိုသိမြင် လာအောင် ဆောင် ရွက်ရာမှာ အင်နီမေးရှင်းနဲ့ လုပ်ရင် လူကြီးရော၊ ကလေးပါ ပိုမိုစိတ်ဝင်စား သိနားလည်လိမ့်မယ်လို့ ယူဆပြီး ယှဉ်ပြိုင်စေတာလို့ ဆိုပါတယ်။

ဒီပြိုင်ပွဲမှာ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေက အသင်းပေါင်း ၂၄ ဖွဲ့ယှဉ်ပြိုင်ကြတာလို့ ဆိုပါတယ်။ တဖွဲ့ကို ၃ ဦး ၄ ဦးလောက်စီ ပါဝင်ကြတယ်လို့ ဆိုပါတယ်။

ပထမဆုရသူက ထိုင်းဘတ်ငွေ ၁ သိန်းနဲ့ ၅ ရက်ကြာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ ဟောလိဝုဒ်က အင်နီမေးရှင်း စတူဒီယိုတွေကို လိုက်လံပြသမှု၊
ဒုတိယဆုရသူက ဆုကြေးငွေ ထိုင်းဘတ် ၇ သောင်းနဲ့ ဂျပန်နိုင်ငံခရီးစဉ်သွားဖို့ အခွင့်အလမ်းပေးတယ်လို့ ဆိုပါတယ်။ တတိယ ဆုရှင်ကတော့ ဘတ် ၅ သောင်းရရှိပြီး ကျန်ယှဉ်ပြိုင်သင်းတွေကတော့ ဘတ် ၁ သောင်းစီ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013