DVB Logo
Home
Lead Story
၇ နှစ်အတွင်း ကျောက်မျက် တင်ပို့မှုကနေ ဒေါ်လာ ၁၇ ဘီလီယံကျော် ရရှိ
DVB
·
August 28, 2014
၇ နှစ်အတွင်း ကျောက်မျက် တင်ပို့မှုကနေ ဒေါ်လာ ၁၇ ဘီလီယံကျော် ရရှိ
Donate to DVB

အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အားကောင်းလာလို့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ကျောက်စိမ်းနဲ့ ကျောက်မျက်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်နဲ့ ညီမျှတဲ့ ဥရောပယူရိုငွေ ၁၃ ဘီလီယံကျော် ရခဲ့ပါတယ်။

[caption id="attachment_50614" align="alignright" width="300"]ကျောက်စိမ်းပြပွဲတွင်တွေ့ရသော ကျောက်စိမ်းတုံးများ ကျောက်စိမ်းပြပွဲတွင်တွေ့ရသော ကျောက်စိမ်းတုံးများ[/caption]ဒါဟာ မြန်မာနိုင်ငံ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ရဲ့ ၂၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ထူးကုမ္ပဏီများအုပ်စု ပိုင်ရှင်နဲ့ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးတေဇက ပြောပါတယ်။

သြဂုတ် ၂၅ ရက်နေ့က ရန်ကုန် အင်းယားလိတ်ဟိုတယ်မှာ လုပ်တဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ညီလာခံမှာ သူက ခုလို ပြောလိုက်တာပါ။

ဒါပေမယ့် အဲလို တင်ပို့ရောင်းချနိုင်တာဟာ ကျောက်စိမ်းနဲ့ ကျောက်မျက် အကြမ်းထည်တွေပဲ ဖြစ်ပြီး နိုင်ငံတကာနည်းတူ အချောထည် ထုတ်လုပ် တင်ပို့နိုင်အောင် ထပ်ပြီး ကြိုးစားရဦးမယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်မှာ တန်ဖိုးပမာဏအများဆုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖြစ်ပြီး ကျောက်စိမ်းနဲ့ ကျောက်မျက်ကတော့ ဒုတိယပမာဏအများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013