
ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အခမဲ့ဆောင်ရွက်ပေးနေတာတွေနဲ့ စက်တင်ဘာလက စပြီး အခမဲ့ ဆောင်ရွက်ပေးမယ့်ကိစ္စတွေကို ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
[caption id="attachment_63533" align="alignright" width="300"]
ဓာတ်ပုံ - http://missionrestore.org[/caption]အတွင်းလူနာတွေအတွက် သွေးသွင်းတာ၊ တချို့ ဓာတ်ခွဲစမ်းသပ်တာတွေကို သြဂုတ် ၁ ရက်နေ့ကစပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးတော့ လာမယ့် စက်တင်ဘာ ၁ ရက်နေ့က စပြီး အရေးပေါ်လူနာတွေအတွက် အခြေခံ ဓာတ်ခွဲစမ်း သပ်တာတွေ၊ ဓာတ်မှန်နဲ့ အာထရာဆောင်း ရိုက်တာတွေကိုလည်း အခမဲ့ ဆောင်ရွက်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
ဆေးမှတ်တမ်းစာအုပ်တွေကို အခမဲ့ဆောင်ရွက်ပေးနေပြီး အခြေခံဆေးဝါးတွေနဲ့ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေကိုလည်း အခမဲ့ထောက်ပံ့နိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို နိုင်ငံတော်က နှစ်စဉ် တိုးတက် ရနေပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရန်ပုံငွေတွေ တိုးမြှင့် ခွင့်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။










