DVB Logo
Home
နိုင်ငံရေး
ယူအန်အက်ဖ်စီ ညီလာခံ ရက်တိုးဆွေးနွေးနိုင်
DVB
·
August 28, 2014
ယူအန်အက်ဖ်စီ ညီလာခံ ရက်တိုးဆွေးနွေးနိုင်
Donate to DVB

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ညီလာခံကို သတ်မှတ်ရက်အတွင်း ပြီးအောင် မကျင်းပနိုင်ဘဲ ရက်တိုးဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

UNFC meeting 28082014ဒီနေ့ ကျင်းပတဲ့ ညီလာခံမှာတော့ ဖက်ဒရယ်တပ်မတော်ကိစ္စနဲ့ ထိပ်သီးခေါင်းဆောင်သစ် ပြန်လည်ရွေးချယ်ဖို့ စတဲ့ ကိစ္စတွေ အဓိကထား ဆွေးနွေးကြဖို့ရှိပါတယ်။

ယူအန်အက်ဖ်စီရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ညီလာခံကို အဖွဲ့ဝင် ၁၂ ဖွဲ့အပြင် အထူး ဖိတ်ကြားထားတဲ့ နိုင်ငံရေးအင်အားစု ၅ ခုက ကိုယ်စားလှယ်တွေအပါအ၀င် ကိုယ်စားလှယ် ပေါင်း ၁၀၀ လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ် ၂၅ ရက်ကစလို့ ၄ ရက် ကြာကျင်းပနေတဲ့ ညီလာခံအတွင်း ဆွေးနွေးစရာတွေ ကျန်ရှိနေသေးတဲ့အတွက် ဆက်လက်ဆွေးနွေးကြမှာဖြစ်ပြီး သြဂုတ် ၂၉ ရက်နေ့မှာတော့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013