DVB Logo
Home
Lead Story
စာတိုက်ငွေလွှဲနှုန်းများ ၁၀ ဆ လျှော့ချမည်
DVB
·
August 28, 2014
စာတိုက်ငွေလွှဲနှုန်းများ ၁၀ ဆ လျှော့ချမည်
Donate to DVB

[caption id="attachment_63527" align="alignright" width="300"]ဓာတ်ပုံ - chinajika ဓာတ်ပုံ - chinajika[/caption]စာတိုက်ငွေလွှဲနှုန်းတွေကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ၁၀ ဆ အထိ လျှော့ချသွားမယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အခုလျော့လိုက်တာကတော့ ၁ ကျပ်ကနေ ၁၀ သိန်းအထိ ၁၀၀ ကျပ်ကို ပြား ၅၀ နှုန်း၊သိန်း ၁၀၀ အထိ ၁၀၀ ကျပ်ကို ၂၅ ပြားနှုန်း၊ သိန်း ၁ သောင်းအထိ ၁၀၀ ကျပ်ကို ၁၀ ပြားနှုန်းနဲ့ သိန်းပေါင်း ၁ သောင်းနဲ့ အထက် ၁၀၀ ကျပ်ကို ၅ ပြားနှုန်း ဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးဌာန လက်အောက်ရှိ စာတိုက်လုပ်ငန်းက လုပ်ကိုင်နေတဲ့ ငွေပို့လွှာ (မန်နီအော်ဒါ) လုပ်ငန်းကို တနိုင်ငံလုံးက စာတိုက်ရုံးနဲ့ အမြန်ငွေပို့လွှာလုပ်ငန်း ၁ ထောင်ကျော်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီစနစ်ကို အစိုးရရုံးတွေနဲ့ ဘဏ်မရှိတဲ့ နေရာတွေမှာ အသုံးများပြီး အရင်ကောက်ခံတဲ့ နှုန်းထားကတော့ ပို့ငွေ ၁၀၀ ကျပ်အတွက် ပို့ခ ၅ ကျပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013