Homeမေးမြန်းခန်း
တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်လှစ်ရန် အုပ်ချုပ်ရေးပိုင်းအကူအညီ စောင့်ဆိုင်းနေ - ဦးဝင်းမြင့်
တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်လှစ်ရန် အုပ်ချုပ်ရေးပိုင်းအကူအညီ စောင့်ဆိုင်းနေ - ဦးဝင်းမြင့်
အေးနိုင်
·
August 27, 2014
[caption id="attachment_38291" align="alignright" width="300"] တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်[/caption]
ရှမ်းပြည်နယ် လားရှိုးမြို့နဲ့ မန္တလေးမြို့တွေမှာ တရားဥပဒေစိုးမိုးရေးစင်တာ ၂ ခုကို မကြာခင်ကာလမှာ ဖွင့်လှစ်တော့မှာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းက ပါဝင်ဆောင်ရွက်မယ့်အပိုင်းကို စောင့်ဆိုင်းနေပါတယ်။
ဒီအစီအစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အုပ်ချုပ်ရေးပိုင်း၊ တရားရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်း ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။
နိုင်ငံတ၀န်း ဖွင့်လှစ်သွားမယ့်အစီအစဉ်ဖြစ်ပြီး ရှေ့ပြေးအဖြစ် လားရှိုးမြို့နဲ့ မန္တလေးမှာ မကြာခင် စတင်မှာဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စင်တာတွေ ဖွင့်လှစ်ဖို့ အဆင်သင့် ဖြစ်နေပါပြီလို့ ပြောပါတယ်။ ဦးဝင်းမြင့်ကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။