DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်မ၀င်သည့်ပါတီများ ပါတီမှတ်ပုံတင် ပယ်ဖျက်ခံရနိုင်
DVB
·
August 27, 2014
ကြားဖြတ်မ၀င်သည့်ပါတီများ ပါတီမှတ်ပုံတင် ပယ်ဖျက်ခံရနိုင်
Donate to DVB

၂၀၁၂ ခုနှစ်မှာ ထပ်မံထည့်သွင်းရေးဆွဲလိုက်တဲ့ ရွေးကောက်ပွဲ နည်းဥပဒေတချက်ကြောင့် လာမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံးနေရာ ၃ ခုမှာ ၀င်မပြိုင်ရင် ပါတီမှတ်ပုံတင် ပယ်ဖျက်သွားနိုင်တယ်လို့ ညွှန်မှူး ဦးသောင်းလှိုင်က ပြောပါတယ်။

[caption id="attachment_53519" align="alignright" width="300"]၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲများ ရေတွက်နေစဉ်[/caption]“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၆ မှာ ရှင်းလင်းချက် ၁ နဲ့ ၂ ဆိုတာ ရှိပါတယ်။ ရှင်းလင်းချက် ၁ မှာက လွှတ်တော် သက်တမ်း ၁ ရပ်ဆီအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်းမှာမှ မှတ်ပုံတင်ခွင့် ရရှိတဲ့ ပါတီဟာ အဲဒီသက်တမ်းမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရင် ဖြစ်စေ၊ မဲဆန္ဒနယ် ၃ နယ်ထက်မနည်း ကျင်းပပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရင်ဖြစ်စေ သူတို့ ပါဝင်ယှဉ်ပြိုင် မပြုခြင်းဟာ ဒီနည်းဥပဒေနဲ့ အကျုံးဝင်တယ်ဆိုတာ တနည်းအားဖြင့်ပြောရင်တော့ နည်းဥပဒေမှာ ဘာပြဋ္ဌာန်းထားလဲဆိုတော့ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရင် အဲဒီပါတီ မှတ်ပုံတင်ပယ်ဖျက်ရမယ်လို့ ပြဋ္ဌာန်းထားတယ်။”

တရားဝင်ရပ်တည်နေတဲ့ ပါတီပေါင်း ၆၆ ခုရှိပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း မှတ်ပုံတင်တဲ့ ပါတီပေါင်း ၂၄ ခုရှိတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

ပါတီပေါင်း ၆၆ ခု ရှိတဲ့ထဲက တနိုင်ငံလုံးမှာ စည်းရုံးပြီး ပြိုင်မယ်ဆိုတဲ့ ပါတီတွေနဲ့ ပြည်နယ်နဲ့ တိုင်းတခုခုမှာပဲ စည်းရုံးပြီး ပြိုင်မယ်ဆိုတဲ့ ပါတီဆိုပြီး ၂ မျိုးရှိပါတယ်။

ဒီ ၂ မျိုးနဲ့ ပတ်သက်ပြီး ဦးသောင်းလှိုင်က “ပြည်ထောင်စု တ၀န်းလုံးမှာ စည်းရုံးမယ့် ပါတီဆိုရင်တော့ ယခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ရမယ်၊ မပြိုင်ရင် သူ့မှတ်ပုံတင်ခွင့် ပယ်ဖျက်ခံရမယ်။ သို့မဟုတ် တိုင်းတခုတည်းမှာ စည်းရုံးမယ့်ပါတီကတော့ သူတို့တိုင်းတွေ ပြည်နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ မရှိရင် ဒီဥစ္စာနဲ့ အကျုံးမ၀င်ဘူး။ အနည်းဆုံး ၃ နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေရှိရင်တော့ သူတို့ဝင်ပြိုင်ရမယ်။ မပြိုင်ရင်တော့ မှတ်ပုံတင်ထားတာနဲ့ အကျုံးမ၀င်ဘူး” လို့ ရှင်းပြပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ကော်မရှင်နည်းဥပဒေအရ ၀င်ပြိုင်ရမှာ ဖြစ်ပေမယ့် ဒီလို ကန့်သတ်ချက်ထားတဲ့အတွက် အခက်တွေ့ပုံကို ခုလို ပြောပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာက ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ခွင့်ရှိသင့်တယ်။ ပြိုင်ချင်ပြိုင်၊ မပြိုင်ချင်လည်းမပြိုင်နဲ့။ ၄ နှစ်တခါ၊ ၅ နှစ်တခါ အရွေးခံရတဲ့ ပြိုင်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ရမှာပဲ။ ပြိုင်ပွဲမ၀င်ရင် ပါတီတရပ် ထူထောင်ထားတာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ ကြားဖြတ်မှာ အဲလို အတင်းအကျပ် ၀င်ရမယ်လို့ ပြောတော့ ကျန်တဲ့ပါတီတွေအတွက် နည်းနည်းအခက်အခဲ ရှိမယ်လို့ ထင်တာပဲ။ ပါတီပေါင်းက ၆၀ ကျော်ရှိတယ်။ တချို့တွေက နယ်မြေအားလုံးကို လွှမ်းခြုံနိုင်တဲ့ ပါတီမဟုတ်တော့ သူတို့မှာလည်း အခက်အခဲ အမျိုးမျိုး ရှိမယ်။ အဲဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပိုင်းခြားထားသင့်တယ်လို့ ယူဆတယ်။”

သူတို့ပါတီဟာ ၂၀၁၃ ခုနှစ်က တနိုင်ငံလုံး စည်းရုံးဝင်ပြိုင်မယ်လို့ မှတ်ပုံတင်ထားတဲ့ ပါတီတခု ဖြစ်ပြီး အဓိကအားဖြင့် ရခိုင်ပြည်နယ်မှာ ပြိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းထားတာလို့ သူက ပြောပါတယ်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရှိပြီး လတ်တလောမှာ တနိုင်ငံလုံး လစ်လပ်နေရာပေါင်း ၃၅ နေရာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013