Home
မြန်မာသတင်း
တောင်ကိုရီးယားကို လယ်ယာထွက်ကုန် ၄ မျိုး တိုးမြှင့်တင်ပို့မည်
DVB
·
August 26, 2014
မြန်မာ့လယ်ယာထွက်ကုန် ကုန်စည်သစ် အမယ် ၄ မျိုး တောင်ကိုရီးယားနိုင်ငံကို တင်ပို့သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ တောင်ကိုရီးယားဈေးကွက်က မြန်မာ့လယ်ယာထွက်ကုန်တွေကို လက်ခံတဲ့နေရာမှာ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးပိုင်းဆိုင်ရာ အလေးထား ဆောင်ရွက်ရမယ့်အချက်တွေနဲ့ စပ်လျဉ်းပြီး အာဆီယံ-ကိုရီးယားစင်တာက အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ ကိုရီးယားအစိုးရအဖွဲ့က အရာရှိတွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ စားသောက်ကုန်တင်သွင်းရာမှာ အပင်နဲ့ ပိုးမွှားကင်းစင်ရေးအတွက် လိုက်နာရမယ့် နည်းလမ်းတွေအပါအ၀င် အော်ဂဲနစ်နည်းစနစ်နဲ့ ထုတ်လုပ်တဲ့နည်းလမ်းတွေ နဲ့ စားသောက်ကုန်အပေါ် လုံခြုံစိတ်ချရမှု အဆင့်အတန်းသတ်မှတ်ချက် စတာတွေကို အလေးထားပြောဆိုခဲ့ကြပါတယ်။ တောင်ကိုရီးယားဈေးကွက်က မြန်မာ့လယ်ယာထွက်ကုန် သရက်၊ မင်းကွတ်၊ ကျွဲကော်နဲ့ နဂါးမောက်သီးနှံအစိမ်းတွေကို ၀ယ်ယူမှာဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဒီသီးနှံအမယ် ၄ မျိုးကို အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယမ်နမ်နဲ့ ထိုင်းနိုင်ငံတွေကတဆင့် လက်ရှိ တင်သွင်းနေပြီး သရက်သီး တင်သွင်းမှုက အများဆုံး ဖြစ်ပါတယ်။ [caption id="attachment_63408" align="alignright" width="300"] ဒုတိယညွှန်ကြားရေးမှူး မစ္စတာယောင်တေးကင် မစ္စတာယောင်တေးကင်[/caption] တောင်ကိုရီးယားနိုင်ငံ တိရစ္ဆာန်နဲ့ အပင်အရည်အသွေး ထိန်းသိမ်း စိစစ်ရေးအေဂျင်စီက ဒုတိယညွှန်ကြားရေးမှူး မစ္စတာယောင်တေး ကင်က သရက်သီးဟာ ကိုရီးယားလူမျိုးတွေရဲ့ အနှစ်သက်ဆုံး သစ် သီးဖြစ်ကြောင်း၊ မြန်မာ့ လယ်ယာ ထွက်ကုန်တွေ ကိုရီးယားဈေးကွက်ဆီ တင်သွင်းတဲ့နေရာမှာ အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးမှုအဆင့် ၈ ချက်ကို ကျော်ဖြတ်ရမယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းရှင်တဦးက အရည် အသွေး သတ်မှတ်ချက်တွေကို ပြည့်မီအောင် လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ ရှိနေသေး တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံကို လက်ရှိ တင်ပို့မှု ရှိနေတဲ့ မြန်မာ့လယ်ယာထွက်ကုန်တွေ ကတော့ ပဲအမျိုးမျိုး၊ ဆေးရွက်ကြီး၊ သစ်သီးခြောက်နဲ့ တိုင်းရင်းဆေးကုန်ကြမ်းသုံးပစ္စည်းတချို့ ဖြစ်ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024