DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားဟု သမ္မတ ပြော
DVB
·
August 26, 2014
စစ်တပ်က ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားဟု သမ္မတ ပြော
1 / 2
Donate to DVB

တပ်မတော်က ပြည်ထောင်စုအစိုးရရဲ့ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနဲ့ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

“၀” အထူး ဒေသ ၂ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ မြောက်ပိုင်း ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်တဲ့အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် သမ္မတက ပြောကြားလိုက်တာပါ။

10576995_561139144013956_2499141927138775514_nဒီတွေ့ဆုံပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်လက်မှတ်ရေး ထိုးနိုင်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အရေးကိစ္စတွေ  ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။

ခုလိုတွေ့ဆုံရာမှာ  သမ္မတက  ပြဿ  နာတွေကို  တွေ့ဆုံဆွေးနွေးညှိနှိုင်းတဲ့  နည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်တာနဲ့ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေး စတဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ကလည်း ပြည်ထောင်စုအစိုးရ မူဝါဒအတိုင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းမည်ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကိုသာ ကျင့်သုံးဖို့ ကတိပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတနဲ့ တွေ့ဆုံအပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံရာမှာတော့  တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက် ကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စနဲ့ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မူဝါဒ ၆ ရပ် ချမှတ်လုပ်ဆောင်နေကြောင်း၊ တဦးနှင့်တဦး ယုံကြည်မှုရှိပြီ ကတိကဝတ်များနှင့်အညီ ဆောင်ရွက်ပါက ငြိမ်းချမ်းရေးမရစရာ မရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်မှာတော့ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်တွေကို ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီမှုတွေကို အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်နဲ့ ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုက်နာရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဝ၊ မိုင်းလားနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီကနေ့ နေပြည်တော်မှာ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013