အီရတ်နိုင်ငံတွင် ဗလီတလုံးကို အသေခံဗုံးခွဲ၊ ၉ ဦး သေဆုံး

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ ရှီးယိုက်ဗလီတလုံးကို သြဂုတ် ၂၅ ရက်နေ့က အသေခံဗုံးနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြို့တော်တွင်း ဘဂ်ဒက်ခရိုင်သစ်က ရှီးယိုက်မွတ်စလင်တွေ လွှမ်းမိုးတဲ့ ရပ်ကွက်တွင်း ရှေ့ဆောင်ဗလီဆရာ အိုင်မန်အလီရဲ့ ရှီးယိုက်ဗလီထဲမှာ နေမွန်းလွဲချိန် ဘုရားရှိခိုးနေတုန်း အသေခံဗုံးခွဲသူက ဗုံးတွေတပ်ဆင်ထားတဲ့ အပေါ်အင်္ကျီကို စနက်တံဖြုတ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ bomb001လွန်ခဲ့တဲ့ ၃ ရက်ကတော့ ဒိုင်ယာလာခရိုင်တွင်းက ရွာဗလီတခုထဲမှာ ဝတ်ပြုဆုတောင်းနေသူ ၆၈ ယောက်ကို ရှီးယိုက်ပြည် သူ့စစ်တွေက စက်သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ အီရတ်မြောက်ပိုင်းတလွှားမှာတော့ အစ္စလာမစ်သူပုန်တွေရဲ့ အသာစီးရမှုက အီရတ်အစိုးရနဲ့ အနောက်မဟာမိတ်တွေကို တပ်လှန့်ထားခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်က လေကြောင်းပစ်ကူတွေပေးနေပေမယ့် အစ္စလာမစ်သူပုန်တွေအပေါ် သက်ရောက်မှု နည်းပါတယ်။ နိုင်ငံတွင်း ဗုံးခွဲမှု၊ ပြန်ပေးဆွဲမှု၊ ကွပ်မျက်မှုပုံစံနဲ့ ပစ်ခတ်မှုတွေ နေ့တိုင်းနီးပါး ဖြစ်နေလို့ ၂၀၀၆ -၂၀၀၇ ဘာသာရေး၊ လူမျိုးရေး ပြည်တွင်းစစ် တကျော့ပြန် ကျဆုံးနိုင်ငံပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up