ယူနိုက်တက်က ဒီမာရီယာကို ခေါ်ယူရန် သဘောတူညီမှုရရှိ

1.6K
မန်ချက်စတာ ယူနိုက်တက်က တောင်ပံသမား ဒီမာရီယာကို ပေါင် ၅၉ သန်းကျော်နဲ့ ရီရဲလ်မက်ဒရစ်ကနေ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
အသက် ၂၆ နှစ်အရွယ် ဒီမာရီယာကို မန်ယူက ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အမြင့် ဆုံး ပြောင်းရွှေ့ကြေး အနေနဲ့ ချဲလ်ဆီးက လီဗာပူးကနေ တိုက်စစ် မှူး တောရက်စ် ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူပြီး စံချိန်တင်ထားတာပါ။
မန်ယူ ကစားသမားသစ် ဒီမာရီယာဟာ လာမယ့် စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနား တောင်ပံသမားကို ရီရဲလ်က ဘန်ဖီကာအသင်းကနေ ၂၀၁၀မှာ ပေါင် ၃၆ သန်းနဲ့ ခေါ်ယူထားတာပါ။ သူဟာ ရီရဲလ်ကို ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ်မြောက် ရယူနိုင်အောင် အဓိက နေရာကနေ ကူညီနိုင်ခဲ့ပါတယ်။
