ဦးဝင်းချိုနှင့်ကိုဝေဠုကို ထောင်ဒဏ် ၃ လစီ ချမှတ်

ဦးဝင်းချို (ဓာတ်ပုံ - ဒီဗွီဘီ)
ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဝင်းချိုနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကို ကျောက်တံတားမြို့နယ် တရားရုံးကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ပုဒ် ၁၈ နဲ့ ထောင်ဒဏ် ၃ လစီချမှတ်လိုက်ပါတယ်။ [caption id="attachment_63347" align="alignright" width="300"]ဦးဝင်းချို (ဓာတ်ပုံ - ဒီဗွီဘီ) ဦးဝင်းချို (ဓာတ်ပုံ - ဒီဗွီဘီ)[/caption] ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ဟာ အခုနှစ် မတ်လ တုန်းက လျှပ်စစ်မီတာ ခတက်တဲ့ကိစ္စနဲ့ ပတ် သက်ပြီး ဆန္ဒ ဖော် ထုတ်တဲ့နေရာမှာ တာဝန် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာလို့ သူတို့ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ သူတို့နှစ်ဦးလုံးကို အဲဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ထောင်ဒဏ် ၃ လစီချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဝေဠုကိုတော့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ဦးဆောင်ပါဝင် တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ နောက်ထပ် ၁ လချမှတ်တဲ့အတွက် စုစုပေါင်း ၄ လ ဒီကနေ့ ချမှတ်ခံရတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up