DVB Logo
Home
မြန်မာသတင်း
အီဘိုလာသံသယလူနာ လမ်းလျှောက်နိုင်ပြီ
DVB
·
August 25, 2014
အီဘိုလာသံသယလူနာ လမ်းလျှောက်နိုင်ပြီ
1 / 2
Donate to DVB

အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာနေပြီး အစာစား လမ်းလျှောက်နေနိုင်ပြီလို့  ကျန်းမာရေးဌာနက ပြောပါတယ်။

[caption id="attachment_63335" align="alignright" width="300"]အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ ဆေးကုသအဖွဲ့ သံသယရှိလူနာကို ဆေးကုသမှုလုပ်ငန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးနေစဉ် - ဓာတ်ပုံ myanmar cdc) အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ ဆေးကုသအဖွဲ့ သံသယရှိလူနာကို ဆေးကုသမှုလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးနေစဉ် - ဓာတ်ပုံ myanmar cdc)[/caption]

အီဘိုလာသံသယ လူနာကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးတွေရှိပြီး သီတင်းတ ပတ်လောက်ကြာတဲ့ အထိ ခန္ဒာကိုယ် အတွင်းအပြင် က သွေးယိုစီးတာ အပါအ၀င်  အီဘိုလာ  ရောဂါ လက္ခ ဏာ တွေ့ရခြင်း မရှိသေးဘဲ လူနာရဲ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လာနေတယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

သံသယ လူနာရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသိရီအောင်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“မနေ့ကထက် တိုးတက်ကောင်းမွန်လာပါတယ်။ ကိုယ်အပူချိန်ကလည်း ပုံမှန်ပါ။ သတိကောင်းပါတယ်။ လမ်းလည်းလျှောက်နိုင်ပါတယ်။ အစားအစာလည်း ပုံမှန်စားပါတယ်။ သွေးယိုစိမ့်တဲ့ လက္ခဏာတွေလည်း မတွေ့ရပါဘူး။ ၂၄ ရက်နေ့ကထက် တိုးတက်ပြီး ကောင်းမွန်လာပါတယ်။”

လူနာမှာ အီဘိုလာရောဂါ မတွေ့ရပေမယ့် ပြင်းထန်ငှက်ဖျားရောဂါပိုး တွေ့ရှိရတဲ့အတွက် အထူးကုဆရာဝန်တွေက စောင့်ရှောက် ကုသပေးနေကြတာပါ။

ဒါပေမယ့် ဒီလူနာမှာ အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ စစ်ဆေးနိုင်ဖို့အတွက် ဓာတ်ခွဲနမူနာတွေကို အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းဆီ ခုချိန်ထိ ပို့ဆောင်နိုင်ခြင်းမရှိသေးပဲ ဒီကိစ္စ နိုင်ငံတကာလေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) နဲ့ သယ်ပေမယ့်  လေကြောင်းလိုင်းတွေအကြား  ညှိနှိုင်းနေရဆဲပဲလို့ ဒေါက်တာ တိုးသီရီအောင် ပြောပါတယ်။

သံသယ လူနာနဲ့အတူ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦးဟာလည်း ရောဂါလက္ခဏာ မတွေ့ရဘဲ ကျန်းမာရေးအခြေအနေ လုံးဝ ကောင်းမွန်နေပေမယ့် ဆေးရုံက ဆင်းခွင့်မရသေးဘဲ ဆက်လက် စောင့်ကြပ် ကြည့်ရှုခံနေရဆဲဖြစ်ပါတယ်။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က  ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013