ရေအားလျှပ်စစ် စီမံကိန်းအချို့ အပြီးတိုင် ရပ်ဆိုင်း
DVB
·
August 25, 2014
အရင် စစ်အစိုးရလက်ထက်က အစိုးရနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြား အမ်အိုယူ လက်မှတ်ရေးထိုးထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါးကို ပြန်လည် စစ်ဆေးနေပြီး လျှပ်စစ်ဝန်ကြီးဌာနနဲ့ မကိုက်ညီတဲ့ စီမံကိန်းတချိ့ကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီလို့ ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။
[caption id="attachment_63325" align="alignright" width="300"] လက်ရှိ တည်ဆောက်ဆဲ ပေါင်းလောင်းဆည်[/caption]
သြဂုတ် ၂၃ ရက် ရှမ်းပြည်နယ် ပင်လောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း မှာ လုပ်တဲ့ အလှူပွဲနဲ့ ရေအား လျှပ်စစ်ဆိုင်ရာ သတင်းစာရှင်း လင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။ ရပ်ဆိုင်းလိုက်တဲ့ စီမံကိန်းတွေကတော့ ရခိုင်ပြည်နယ် လေးမြို့ (၁) စီမံကိန်း၊ လေးမြို့ (၂) စီမံကိန်း၊ ကချင်ပြည်နယ် မိုးမိတ်နဲ့ မွန်ပြည်နယ် ဘီးလင်းက စီမံကိန်း၊ တနင်္သာရီ ရေအားလျှပ်စစ် စီမံကိန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တချို့ ရေအားလျှပ်စစ်စီမံကိန်းတွေကိုတော့ ရင်းနှီးမြှုပ်နှံသူအသစ် ရှာဖွေပြီး စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ စီမံကိန်းတွေ ဖြစ်အောင် ပြန်လည် ဆွေးနွေးနေတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။