ယူ ၁၉ အသင်း အသက်ကို ရာနှုန်းပြည့် အာမခံတယ် (ဦးခင်မောင်ထွေး-ပျဉ်းမနားနဲ့ ဆက်သွယ်မေးမြန်းချက်)

[caption id="attachment_63201" align="alignright" width="300"]U - 19 ဓာတ်ပုံ - Myanmar Football Federation[/caption] မြန်မာ ယူ ၁၉ အမျိုးသား လက်ရွေးစင်အသင်းရဲ့ အသက်ကို ၁၀၀ ရာခိုင်နှုန်း အာမခံတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေးက ပြောကြားလိုက်ပါတယ်။ ဗိုလ်လုပွဲမှာ ဗီယက်နမ်ကို အကြိတ်အနယ်ကစားပြီး အနိုင်ရဗိုလ်စွဲနိုင်ခဲ့တာ ကစားသမားတွေရဲ့ စိတ်ဓာတ်ကြောင့်လို့ သူက မှတ်ချက်ပေးပြောပါတယ်။ ၁၉၇၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာလူငယ်အသင်းတွေ ဖလား ၃ လုံး ဆက်တိုက် ရယူပေး နိုင်တာလည်း ထူးခြားတယ်လို့ ပြောပါတယ်။ မြန်မာ ယူ ၁၉ ဘောလုံးအသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ချန်ပီယံဆုသာမက ပြိုင်ပွဲတလျှောက် အသန့်ရှင်းဆုံးဆု Fair Play Award ကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဦးခင်မောင်ထွေးကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up