အစ္စရေးသတင်းပေးဟု စွပ်စွဲပြီး ပါလက်စတိုင်း ၁၈ ဦးကို ဟားမက်အဖွဲ့ ကွပ်မျက်

ဟားမက်စ်အဖွဲ့ လက်နက်ကိုင်တွေက အစ္စရေးကို သတင်းပေးသူတွေလို့ စွပ်စွဲပြီး ပါလက်စတိုင်း ၁၈ ယောက်ကို သြဂုတ်လ ၂၂ ရက်နေ့မှာ သေဒဏ်ပေး ကွပ်မျက်လိုက်ပါတယ်။ အစ္စရေးလေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမက်စ် အဖွဲ့ရဲ့ ထိပ်တန်း တပ်မှူး ၃ ယောက် သေဆုံးသွားပြီး နောက်တရက်မှာ ကွပ်မျက်လိုက်တာပါ။ ၇ ယောက်ကို ဂါဇာ ဗလီတခုနားက ရင်ပြင်မှာ ၀တ်ပြုသူတွေရဲ့ ရှေ့မှောက်မှာပဲ ကွပ်မျက်လိုက်တာပါ။ နောက်ထပ် ၁၁ ယောက်ကိုတော့ ဂါဇာက ရဲစခန်းဟောင်းတခုနားမှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဟားမက်စ် လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ Gazaသတင်းပေးတွေဟာ ဟားမက်စ် တိုက်ခိုက်ရေးသမားတွေ ဘယ်မှာ ရှိတယ်။ မြေအောက် ဥမင်တွေ ဘယ်မှာ ရှိတယ်။ တိုက်ခိုက်ရေးသမားတွေရဲ့ ဗုံးတွေ၊ အိမ်တွေ၊ ဒုံးကျည်တွေ ထားတဲ့ နေရာတွေကို သတင်းခဲ့လို့ လေကြောင်းကနေ ဗုံးကျဲခံရပြီး တိုက်ခိုက်ရေးသမားတွေ အမြောက်အမြား သေဆုံးခဲ့ရတယ်။ ဒါကြောင့် သူတို့ကို အရေးယူလိုက်တာလို့ ဟားမက်စ်အဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ၁၀ ရက်ကြာ အပစ်ရပ်စဲရေး သြဂုတ်လ ၁၂ ရက်နေ့မှာ ပျက်ပြားသွားတဲ့ အချိန်ကစလို့ အစ္စရေး စစ်တပ်ဟာ ဟားမက်စ် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဟားမက်အဖွဲ့ကလည်း သောကြာနေ့မှာ အစ္စရေးဘက်ကို ရော့ကတ်ဒုံးကျည် အကြိမ်ပေါင်း ၂၅ ကြိမ်ထက် မနည်း ပစ်ခတ်ခဲ့လို့ လူ ၂ ယောက် ဒဏ်ရာရတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးဘက်က လေကြောင်းထိုးစစ်တွေအတွင်း ဂါဇာဒေသမှာ အမျိုးသားသုံးတယောက် သေဆုံးသွားတယ်လို့ ဂါဇာ ဆေးအဖွဲ့ကလည်း ပြောပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့အထိ ဂါဇာမှာ သေဆုံးသူ ၂၀၆၈ ယောက် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ အစ္စရေးဘက်ကတော့ စစ်သား ၆၄ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့ပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up