DVB Logo
Home
မြန်မာသတင်း
စစ်တပ်သိမ်းယူထားသည့် လယ်မြေဧက ၂ သိန်းကျော် စွန့်လွှတ်ပြီးဟု ဆို
DVB
·
August 23, 2014
စစ်တပ်သိမ်းယူထားသည့် လယ်မြေဧက ၂ သိန်းကျော် စွန့်လွှတ်ပြီးဟု ဆို
Donate to DVB

Military Landကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မြေတွေထဲက ဧက ၂ သိန်း ၁ ထောင်ကျော်ကို စွန့်လွှတ်ခဲ့ပြီး ၁ သိန်းခွဲကျော်ကိုတော့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို လွှဲပြောင်းပြီးဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ ပထမ ၄ လပတ်အစည်းအဝေးကို တင်ပြတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ဧက ၅ သောင်းကျော်နဲ့ အများဆုံး သိမ်းယူထားတာဖြစ်ပြီး ဒုတိယ အများဆုံးကတော့ ကချင်ပြည်နယ်မှာ ဧက ၃၈၀၀၀ ကျော် သိမ်းယူထားတာ ဖြစ်ပါတယ်။

ပြီးတော့ နေပြည်တော် ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာ မြေအားလုံးကို သက်ဆိုင်ရာ အစိုးရကို လွှဲပြောင်းပေးပြီးလို့ ဖော်ပြထားပြီး ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ တောင်သူတွေဆီကိုလည်း လွဲပြောင်းပေးပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တနိုင်ငံလုံး စာရင်းချုပ်အရတော့ ဧက ၄၆၀၀၀ ကျော်ကိုပဲ တောင်သူဆီကို လွှဲပေးထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013