Home
မြန်မာသတင်း
၂၀၁၈ တွင် ရေဂါလန် သန်းပေါင်း ၃၀ အထိ တိုးမြှင့်ပေးရန် စီစဉ်နေဟုဆို
DVB
·
August 22, 2014
images၂၀၁၈ ခုနှစ်မှာ ၁ ရက်ကို ရေဂါလန်သန်းပေါင်း ၃၀ အထိ တိုးမြှင့်ပးနိုင်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(ဂျိုက်ကာ)နဲ့ ပူေးပါင်းပြီး ဆောင်ရွက်နေတယ်လို့ ရေသန့်ဌာနမှူး ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ ဒီစီမံကိန်း ပြီးသွားရင် ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံကနေ သီလဝါ စက်မှုဇုန်အထိ ရေပေးဝေနိုင်ဖို့ ရည်မှန်းထားတယ်လို့ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသက ပြည်သူ့ကျန်းမာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အခု လက်ရှိမှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်က ယုဇနဥယျာဉ်အိမ်ရာနဲ့ တောင်ဒဂုံမြို့နယ် တွေကို ရေဖြန့်ဖြူးပေးဖို့အတွက် ရေဂါလန် ၅ သောင်း ဆန့် ရေစုကန် ၂ ခုကို စတင် ဆောက်လုပ်နေသလို အရည်အသွေးနိမ့်နေတဲ့ ပိုင်းလိုင်းနက်ဝက်ကိုလည်း ဂျိုက်ကာရဲ့အကူအညီနဲ့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ ဒါအပြင် ရေဓာတ်ခွဲခန်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024