A d v e r t i s e m e n t With Us

အမေရိကန်တိုက်လေယာဉ် F-16D ပေါ်တွင် အက်ကွဲကြောင်းတွေ့ရှိ၊ ၈၂ စီး ပျံသန်းခွင့် တားမြစ်

အမေရိကန်လေတပ် တိုက်ခိုက်ရေးစခန်းဌာနချုပ်က ၂ ယောက်စီး F16D ဖယ်လ်ကွန် တိုက်လေယာဉ်တွေကို စစ်ဆေးချိန်မှာ လေယာဉ်မှူးထိုင်ခုံနားနဲ့ ရှေ့ပိုင်းကြားမှာ အက်ကွဲကြောင်းတွေ တွေ့ခဲ့လို့ တိုက်လေယာဉ် တ၀က်လောက်ဖြစ်တဲ့ ၈၂ စီးကို မပျံသန်းဖို့ တားမြစ်လိုက်ပါတယ်။ 040624-F-RO572-006လေယာဉ်တွေ ပျံသန်းချိန်များလာလို့ စစ်ဆင်ရေးကြောင့် ဒဏ်ဖြစ်ပြီး အက်ကြောင်း ပေါ်တာဖြစ်တယ် ပြုပြင်ထိန်းသိမ်းမှုစနစ်ကြောင့် ကံကောင်းသွားတာလို့ လက်နက်စနစ် ဒုခေါင်းဆောင် ဗိုလ်မှူးချုပ် စတိဗ် ဂရော့ဂျွန်က ပြောပါတယ်။ လေယာဉ်တွေကိုပြန်ပြင်ဖို့ ဂျက်လေယာဉ်ထုတ်လုပ်သူ လော့ခ်ဟိဒ် မာတင်နဲ့အတူ လုပ်ဆောင်နေပြီး ပြင်ဆင်ပြီးရင် လေယာဉ်ပျံသန်းမှုနာရီကို ကန့်သတ်ပြီး စစ်ဆင်ရေးတွေ ပြန်စ မှာပါ။ ကျန်နေသေးတဲ့ F16D တိုက်လေယာဉ် ၇၅ စီးကိုတော့ ပျံသန်းခွင့်ပြန်ပေးခဲ့တယ်လို့ လေတပ်ကထုတ်တဲ့ ကြေညာချက်က ဆိုပါတယ်။ လေတပ်ကတော့ F16s အမျိုးအစား မူကွဲတိုက် လေယာဉ်အစီး 970 ကို ထိန်းသိမ်းထားပါတယ်။ တခြားမူကွဲတွေကတော့ သက်ရောက်မှု မရှိဘူးလို့ ကြေညာချက်က ဆိုပါတယ်။ အက်ကွဲကြောင်းတွေ ဖြစ်တဲ့ လေယာဉ်တွေကတော့ ကနဦးသင်တန်းတွေအတွက် သုံးခဲ့တာ ဖြစ်ပြီး ပျမ်းမျှသက်တမ်း ၂၄ နှစ်အတွင်း ပျံသန်းချိန် နာရီ ၅၅၀၀ ကျော်ခဲ့ပြီလို့ ကြေညာချက်က ဆိုပါတယ်။ လေတပ်ကတော့ အဆင်သင့်ဖြစ်မှု သင်တန်းနဲ့ စစ်ဆင်ရေးအပေါ် သက်ရောက်မှုကို သက်သာအောင် လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up