Home
မြန်မာသတင်း
မာစတာစပေါ့ ဖိနပ်စက်ရုံအလုပ်သမားတွေကို နစ်နာကြေးပေးရန် အမိန့်ချ
DVB
·
August 20, 2014
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ကိုရီးယား လူမျိုးပိုင် Master Sport ဖိနပ်စက်ရုံက အလုပ်သမားတွေကို အလုပ်ပိတ်နစ်နာကြေးပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးက အမိန့်ချလိုက်ပါတယ်။ အလုပ်ရှင်အနေနဲ့ မာစတာစပေါ့ စက်ရုံက အလုပ်သမားတွေကို အလုပ်ပိတ် နစ်နာကြေးနဲ့ ဇွန်လအတွက် လစာပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးက မနေ့က အမိန့် ချမှတ်လိုက်တာပါ။ [caption id="attachment_62867" align="alignright" width="300"]မာစတာစပေါ့ စက်ရုံမှ အလုပ်သမားများ ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဇူလိုင် ၁၈ ရက် ၂၀၁) မာစတာစပေါ့ စက်ရုံမှ အလုပ်သမားများ ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဇူလိုင် ၁၈ ရက် ၂၀၁)[/caption]အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင် က “လျော်ကြေးရတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အမိန့်တော့ ကျသွားပြီ။ ခုံသမာဓိရုံးက ပေးစေဆိုတဲ့ အမိန့်ကျသွားပြီ။ နောက်တခုက ဥပဒေပုဒ်မ ၁၇ နဲ့ နည်းဥပဒေ ပုဒ်မ ၁၇ က ခုံသမာဓိရုံးက လုပ်ရမယ့်အချက်အလက်တွေ ပေါ့နော်။ အဲဒီမှာ အလုပ်ပိတ်နစ်နာကြေးပေးရမယ်လို့ပါတယ်။ နောက်တခုက ကျနော်တို့ ရမယ့်ဇွန်လ လစာပေးရမယ်ဆိုတာ ကျလာတယ်။ ဘယ်လိုကျလဲဆိုတော့ လုပ်သက်အလိုက် ၃ လအောက်၊ ၃ လအထက် ၁ နှစ်အောက်၊ ၁ နှစ်အထက် ၃ နှစ်အောက်၊ ၃ နှစ်အထက် ၅ နှစ်အောက် ကို ပေးစေဆိုတဲ့အမိန့် အင်္ဂါနေ့ ကျသွားတယ်။ ၃ လအထက် ၁ နှစ်အောက်က အလုပ်ပိတ်နစ်နာကြေး ၂ စာရယ် ဇွန်လ လစာရယ်ဆိုရင် ၃ လစာရမယ်။ ကျနော်တို့ ၁ နှစ်အထက်က နစ်နာကြေးက ၃ လစာရယ် ၁ လစာအကြွေးရယ်ဆိုရင် ၄ လစာရမယ်”လို့ ပြောပါတယ်။ ခုံသမာဓိရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ဒီိကိစ္စကို မြို့နယ်အလုပ်သမားစစ်ဆေးရေးဌာနကို ပြန်လွဲထားလိုက်ပြီး အလုပ်သမားစစ်ဆေးရေးဌာနက နစ်နာကြေးကို ဘယ်နေ့ပြန်ပေးမလဲ ဆိုတာကို တပတ်အတွင်း သတ်မှတ်ပေးဖို့ ရှိနေပါတယ်။ ဒါပေမယ့် အလုပ်သမား ၇၅၅ ယောက်ထဲမှာ ၅၈ ယောက်က လက်မှတ်ထိုးပြီး တလစာ နစ်နာကြေး ယူထားပြီးဖြစ်လို့ ရဖို့ သိပ်မသေချာဘူးလို့ အလုပ်သမားခေါင်းဆောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၆ ရက်ကစလို့ အလုပ်သမားတွေကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ မာစတာစပေါ့ ဖိနပ်စက်ရုံကို အလုပ်ရှင်က ပိတ်သိမ်းလိုက်ပြီး စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုး မစ္စတာ အင်ဟိုဘန်း (Mr. In Ho Bang) ကလည်း ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့တာပါ။ ရုတ်တရက် စက်ရုံပိတ်သွားတဲ့အတွက် နစ်နာတဲ့ အလုပ်သမားတွေက ရန်ကုန်မှာရှိတဲ့ ကိုရီးယားသံရုံးကို ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ ရက်နေ့က သွားရောက်ဆန္ဒပြခဲ့ကြပြီးနောက် အလုပ်သမားဝန်ကြီးဌာနရဲ့ အကူအညီနဲ့ အလုပ်သမားတွေက တရားစွဲနိုင်ခဲ့တာပါ။ စက်ရုံပိုင်ရှင်ကို အရေးယူဖို့ ကြိုးစားနေမှုတွေနဲ့ ပတ်သက်ပြီး အလုပ်သမား ဦးထွန်းထွန်းနိုင်က ခုလို ဆိုပါတယ်။ “စနေနေ့က ကနောင်မင်းသားကြီး ခန်းမမှာ ကျနော်ရယ် ၀န်ကြီးရယ်တွေ့တယ်။ အဲဒီမှာ ၀န်ကြီးကိုယ်တိုင် အာမခံပါတယ်။ သားတို့စက်ရုံအတွက် စိတ်အေးအေးထားပါတဲ့ အဘတို့ လုပ်နေတယ်ပေါ့နော်။ ဘာတွေလုပ်နေလဲဆိုတော့ မြန်မာနိုင်ငံတရားရုံးကနေပြီး ကိုရီးယား တရားရုံးကို ချိတ်ဆက်ပြီးတော့ သူဌေးကို တရားစွဲတာက လမ်းကြောင်းတကြောင်းပေါ့။ အဲဒါလည်း လုပ်နေတယ်။ နောက်တခုက ဆင့်ခေါ်စာနဲ့ သံအမတ်ကြီးကို ပေးတာ ၂ ခါရှိနေပြီ။ သံရုံးကနေဆင့်ခေါ်တာပေါ့။ အဲဒီလိုမလာဘူးဆိုရင် ပိုင်ဆိုင်မှုကို ၀ရမ်းကပ်ပြီး နစ်နာကြေး ပေးမယ်လို့ ၀န်ကြီးကိုယ်တိုင်ပြောသွားတယ်။” လက်ရှိမှာတော့ စက်ရုံ ပိတ်သွားလို့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ စက်ရုံလုပ်သား ၇၀၀ ကျော်မှာ တခြားစက်ရုံတွေမှာ အမှန်တကယ် အလုပ်ပြန်ရသွားတဲ့လုပ်သား ၅၀ ကျော်ပဲ ရှိသေးတာပါ။ ကျန်တဲ့အလုပ်သမားတွေကတော့ လျှောက်လွှာ တင်ထားပြီး အလုပ်ခေါ်မယ့်အချိန်ကို စောင့်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024