Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ချင်းဆန်တွင် ခိုးဝင် မြန်မာ ၁၅ ဦး ဖမ်းမိ
DVB
·
August 20, 2014
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ်ထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ သြဂုတ်လ ၁၉ ရက် ညနေ ၅ နာရီကျော်က ချင်းရိုင်းခရိုင် ရွှေတြိဂံ နဲ့ ချင်းဆန်သွား လမ်းမကြီးပေါ်မှာ မသင်္ကာဖွယ် အစိမ်းနုရောင် တိုယိုတာဟိုင်းလပ်ကားတစီးဟာ ဘန့်ဝမ်းလောင်း စစ်ဆေးရေးဂိတ်ကို ဖြတ်ပြေးသွားတဲ့အတွက် အဲဒီဂိတ်စောင့်ရဲတွေက ရှေ့ဂိတ်က ရဲတွေကို စကားပြောစက်နဲ့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ EyWwB5WU57MYnKOuFBncmFrr5chdELaV3T51nEtGjhJ8J3NAyBLGahဒီနောက် လမ်းချိုးတခုအရောက် အဲဒီကားကို ဖမ်းဆီးစစ်ဆေးရာ ကားပေါ်မှာ တရားမ၀င်ခိုးဝင်လာတဲ့ နိုင်ငံခြားသားတွေ တွေ့ရှိရတာလို့ စစ်ဆေးရေးဂိတ် တာဝန်ကျ ရဲတပ်ကြပ်ကြီး ထနွမ်းဒင်ဒမ်က သတင်းထောက်တွေကို ပြောပါတယ်။ ဖမ်းမိသူ ၁၅ ဦးမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေး ၄ ဦးတို့ပါဝင်ပြီး သူတို့အားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း၊ မယ်ဆိုင်ဘက်က ၀င်ရောက်လာတာဖြစ်ပြီး ဘန်ကောက်နဲ့ ရနောင်းခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း ၀န်ခံခဲ့တယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။ ခရီးဆောင်အိတ်ကို စစ်ဆေးရာမှာတော့ ဥပဒေမဲ့ပစ္စည်းတွေ ပါဝင်တာမရှိကြောင်း၊ သူတို့အားလုံးကို တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဖို့ ကျိန်းဆဲန်မြို့မရဲစခန်းမှာ ပို့ဆောင်ထားပါတယ်။ အသက် ၂၅ နှစ်ရွယ်ရှိ ကားမောင်းသမား ထိုင်းလူမျိုး နိုင်းဝိချိုင်း ကွန်းတိယချုတ်ကိုလည်း တရားမ၀င် ၀င်ရောက်မှုကို အားပေးကူညီမှုနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ ရဲဝန်ထမ်းက ပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024