အစ္စရေး-ပါလက်စတိုင်း အပစ်ရပ် ပျက်ပြယ်၊ တိုက်ပွဲများပြန်ဖြစ်

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အပစ်ရပ်စဲရေး သဘောတူညီချက်ပျက်ပြယ်ပြီး သြဂုတ် ၁၉ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ 3529018498ဂါဇာဘက်ကနေ ပစ်လိုက်တဲ့ ရော့ကတ် ဒုံးကျည်းတခု အစ္စရေး တောင်ပိုင်းမြို့မှာ ကျရောက်ခဲ့ပြီး လူတဦး ဒဏ်ရာရတယ်လို့ အစ္စရေးဘက် က ပြောပါတယ်။ နောက်ဆုံး သက်တမ်းတိုးထားတဲ့ အပစ်ရပ်စဲရေး ၁၂ နာ၇ီ မဆုံးခင်မှာ တိုက်ခိုက်မှုတွေ ပြန်စတာဖြစ်ပါတယ်။ ဂါဇာဘက်က ပစ်တဲ့နောက် ဒုံးကျည်နှစ်စင်းကိုတော့ အစ္စရေးက အိုင်းယွန်းဒုံးမ် စနစ်နဲ့ ကြားဖြတ် ကာကွယ်နိုင်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အစ္စရေးဘက်ကလည်း အနည်းဆုံး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ၂၅ ကြိမ်လုပ်ခဲ့ပြီး ပါလက်စတိုင်း ၅ ဦး ဒဏ်ရာရတယ်လို့ ဆေးဘက် အရာရှိတွေက ပြောပါတယ်။ ကလေး နှစ်ယောက်လည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up