တယ်လီနောက ဟွာဝေးနှင့် ပေါင်းပြီး အရောင်းမြှင့်တင်မည်
DVB
·
August 19, 2014
ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားပြီး မကြာမီ ဆင်းကဒ်တွေ စ ဖြန့်ဖြူး ရောင်းချတော့မယ့် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီဟာ မြန်မာပြည် မိုဘိုင်းဖုန်း ဟန်းဆက်ဈေးကွက်မှာ ဈေးကွက်ဝေစု အများဆုံးရထားတဲ့ တရုတ်နိုင်ငံအခြေစိုက် ဟွာဝေး ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွေ ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
နှစ်ဖက် ကုမ္ပဏီတွေရဲ့ အရောင်းမြှင့်တင်မှုလုပ်ငန်းတွေ လုပ်ရာမှာ ဟွာဝေးရဲ့ Portfolio ကို တယ်လီနောရဲ့ ချန်နယ်တွေကနေ တဆင့် ဖြန့်ချိပေးတာနဲ့ အမှတ်တံဆိပ် ၂ ခုလုံး ပါဝင်တဲ့ ဈေးကွက်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်ကိုင်မယ်လို့ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးထားကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကာတာပိုင် အော်ရီဒူးကုမ္ပဏီနဲ့ တောင်ကိုရီးယား ဆမ်ဆောင်း ကုမ္ပဏီတွေရဲ့ ပူးပေါင်း ဆောင်ရွက်မယ့်အစီအစဉ်တွေ ထွက်ပေါ်လာပြီးနောက် တယ်လီနောရဲ့ အခု အစီအစဉ် ကြေညာလာတာ ဖြစ်ပါတယ်။