နိုင်ငံတကာ လူငယ်အိုလံပစ် အားကစားပွဲ တရုတ်တွင် ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ လူငယ် အိုလံပစ် အားကစားပွဲကို သြဂုတ်လ ၁၆ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။ ၁၃ ရက်ကြာ အားကစားပွဲရဲ့ ကစားနည်းပေါင်း ၂၈ နည်းမှာ ၂၀၄ နိုင်ငံက ကစားသမား ၃၈၀၀ ပါဝင်ဆင်နွှဲကြတယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင်က ကြေညာပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတကာ အိုလံပစ် ကောင်စီ ဥက္ကဋ္ဌ သောမက်စ် ဘာ့ခ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့လည်း တက်ရောက်အားပေးခဲ့ကြပါတယ်။ [caption id="attachment_62572" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ပထမဆုံး လူငယ် အိုလံပစ် အားကစားပွဲကို လွန်ခဲ့တဲ့ ၄ နှစ်က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပြီး အခု နန်ကျင်း လူငယ်အိုလံပစ်က ဒုတိယအကြိမ်မြောက် ပွဲဖြစ်ပါတယ်။ ဒီနှစ်ပွဲမှာ ထူးခြားတာက အီဘိုလာ ရောဂါ အန္တရာယ်ကြောင့် အနောက် အာဖရိကနိုင်ငံက အားကစားသမားတွေကို တချို့ အားကစားနည်းတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါ တယ်။ ဂျပန် အားကစားသမားတွေကိုလည်း အရာရှိ ၀တ်စုံတွေကို မ၀တ်ဖို့ သတိပေးထားပါတယ်။ နန်ကျင်းမှာ ၁၉၃၇ ခုနှစ်က ဂျပန်စစ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့လို့ လူပေါင်း ၃ သိန်းလောက် သေဆုံးခဲ့တယ်လို့ တရုတ် အရာရှိတွေက ပြောပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့ ပွဲစဉ်တွေမှာ သေနတ်ပစ်၊ အလေးမ၊ တိုက်ကွမ်ဒို၊ ရေကူး၊ ဂျူဒို၊ တန်းကျော်နဲ့ စက်ဘီးစီး ပြိုင်ပွဲတွေ ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up