DVB Logo
Home
လူမှုရေး
မြန်မာလူငယ် ၆၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေ
DVB
·
August 15, 2014
မြန်မာလူငယ် ၆၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ လူငယ် ၆၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

[caption id="attachment_62475" align="alignright" width="300"]ဓာတ်ပုံ - commos/shnnn ဓာတ်ပုံ - commos/shnnn[/caption]ဧရာဝတီ၊ ရန်ကုန်တိုင်းက အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြား လူငယ် ၂၀၀၀ ဆီကနေ
စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး လူငယ် ၁၀ ဦးမှာ ၆ ဦးဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကြောက်တရားတွေ ရှိနေသလို ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်နဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေအပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်လို့ ဆိုပါတယ်။
ကျေးလက်ဒေသက လူငယ်တွေဟာ အလုပ်လက်မဲ့ ပြဿနာအတွက် ထွက်ပေါက်ရှာရာကနေ လူကုန်ကူးမှု ပြဿ နာကို ရင်ဆိုင်ရတယ်လို့လည်းရေးပါတယ်။

ဘွဲ့ရ အလုပ်လက်မဲတွေ လျော့နည်းဖို့ ပညာရေးစနစ်ကို မြှင့်တင်ပေးတာ၊ ပညာဆုံးခန်း တိုင်အောင် မသင်ကြားနိုင်တဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်း ကျောင်းတွေ ဖွင့်ပေးတာ၊ တိုင်းရင်းသားလူငယ်တွေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသမှာ ရှိတဲ့ လူငယ်တွေအတွက် လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုံလောက်စွာ ဆောင်ရွက်ပေးဖို့ စတဲ့ အကြံပြုချက် ၇ ချက်ကိုလည်း ရေးသားထားပါတယ်။
ဒီအစီရင်ခံစာကို သမ္မတ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013