A d v e r t i s e m e n t With Us

အီရတ်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

အီရတ်ဝန်ကြီးချုပ် နူးရ်ရီအယ်လ်မာလီကီက ပြည်တွင်းနဲ့ ပြည်ပဖိအားတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ Nouri-al-Maliki-420မာလီကီ ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တာကို အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြိုဆိုခဲ့ပြီး ငြိမ်းချမ်းတဲ့ အစိုးရအပြောင်းအလဲ ဖြစ်စေခဲ့သလို အီရတ်နိုင်ငံရဲ့ သမိုင်းမှတ်တိုင်သစ်လည်း ဖြစ်တယ်လို့ အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂထိပ်တန်းကိုယ်စားလှယ် နစ်ကိုလေ မီလာဒီနော့ (Nickolay Mladenov) က ပြောပါတယ်။ မာလီကီက သူ့ရဲ့ ရုပ်မြင်သံကြား နုတ်ထွက်မိန့်ခွန်းမှာ သူ့နဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်၊ ဒါဝါပါတီရဲ့အဖွဲ့ဝင်ချင်းလည်းဖြစ်တဲ့ ဟိုင်ဒါ အယ်လ် အဘာဒီ (Haider al-Abadi) အတွက် ရာထူးကနေ နုတ်ထွက်ပေးပါမယ်လို့ ပြောဆိုခဲ့ပါတယ်။ မာလီကီရဲ့ ရှီးယားမဟာမိတ်တွေက သူ့ကို မထောက်ခံတော့ပဲ အီရတ်သမ္မတက အဆိုပြုတဲ့ အဘာဒီကို ပြောင်းလဲထောက်ခံမယ်လို့ ပြောဆိုခဲ့ကြပြီး တချိန်က သူဝန်ကြီးချုပ်ဖြစ်လာဖို့ အဓိကထောက်ခံခဲ့တဲ့ အီရတ်ဘာသာရေးခေါင်းဆောင်ကလည်း အီရတ်အစိုးရ အပြောင်းအလဲ လုပ်ဖို့ ဖိအားပေးနေခဲ့ပါတယ်။ ပထမတော့ မာလီကီဟာ ၀န်ကြီးချုပ်သစ်ကို အဆိုပြုတာဟာ အခြေခံဥပဒေ ချိုးဖောက်မှု ဖြစ်တယ်ဆိုပြီး ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။ တချိန်တည်းမှာပဲ အီရတ်မြောက်ပိုင်းက အိုင်အက်စ်တပ်ဖွဲ့တွေရဲ့ အန္တရာယ်ကလည်း ဆက်လက်ကြီးထွားနေပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန် ရိုက်စ်က ညီညွတ်တဲ့ အီရတ်နိုင်ငံ ထူထောင်ရေး တိုးတက်တဲ့ခြေလှမ်းလို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ အီရတ်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်ပေးမယ်လို့ ကတိပြုခဲ့ပြီး အီရတ်နိုင်ငံတွင်းက အမေရိကန်တွေကို ကာကွယ်ဖို့ နဲ့ အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို လေကြောင်းက ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up