DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ရေကြီးနေသည့် လှည်းကူးမြို့နယ် ကျေးရွာအချို့ အကူညီလိုအပ်
DVB
·
August 14, 2014
ရေကြီးနေသည့် လှည်းကူးမြို့နယ် ကျေးရွာအချို့ အကူညီလိုအပ်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်က ကျေးရွာ အချို့မှာ လွန်ခဲ့တဲ့ ရက် ၂၀ လောက်ကတည်းက ရေကြီးနေတာ အခုချိန်ထိ ရေပြန်မကျသေးတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_62350" align="alignright" width="300"]ဓာတ်ပုံ - နာရေးကူညီမှုအသင်း (ရန်ကုန်) ဓာတ်ပုံ - နာရေးကူညီမှုအသင်း (ရန်ကုန်)[/caption]ငမိုးရိပ်ချောင်းရေ မကျသေးတဲ့အတွက် အခုထိ ရေပြန်မကျသေးတာလို့ လှည်းကူးမြို့နယ် ကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

“ခါတိုင်းနှစ်တွေက ရေကြီးရင် ၁၀ ရက်လောက်ပဲကြာတယ်။ ဒီနှစ်က ၁ လလောက်ကြာလာတော့ အစားအစာ၊ သောက်ရေတွေ လိုအပ်လာတာပါ။ အများစုက လယ်သမားတွေပဲဆိုတော့ လယ်တွေရေမြုပ်တဲ့အတွက် အိမ်မှာပဲနေနေရတယ်။ မိုးရွာလို့ ငမိုးရိပ်ချောင်းရေလျှံနေတဲ့အတွက် ရေကမကျသေးတာပါ။ ချောင်းရိုးတလျှောက် ကျေးရွာတွေ ရေကြီးမှု ကြုံနေရတာပါ။”

လှည်းကူးမြို့နယ်အတွင်းက ဂျုံးဂျုံးကျကျေးရွာ၊ ဘိုးရင်လေးကျေးရွာ၊ ရှမ်းရွာကျေးရွာ၊ မုဆိုးညောင်ပင်ကျေးရွာ၊ ငွေနံ့သာ စံပြကျေးရွာနဲ့ ဘားလားရွာ စတဲ့ကျေးရွာ ၁၀ ရွာလောက်မှာ ရေကြီးနေပြီး ကျေးလက်နေပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု အပါအ၀င် အစားအစာနဲ့ သောက်ရေတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်ထဲက ရေဘေးဒဏ်ခံနေရတဲ့ ထောင်နဲ့ ချီတဲ့ ဒေသခံရွာသားတွေအတွက် အနုပညာရှင်တွေနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က စေတနာ့ဝန်ထမ်းတွေ အတူပူးပေါင်းပြီး စားနပ်ရိက္ခာအကူအညီတွေ သြဂုတ် ၁၂ ရက်နေ့က သွားရောက်ပေးခဲ့တယ်လို့လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013