Home
မြန်မာသတင်း
မန္တလေးစည်ပင်က စည်းကမ်းမဲ့ စားသောက်ဆိုင်နှင့် ကားများကို စတင်အရေးယူ
ရွှေအောင်
·
August 13, 2014
မန္တလေးမြို့က စည်းကမ်းမလိုက်နာတဲ့ စားသောက်ဆိုင်တွေနဲ့ မော်တော်ယာဉ်တွေကို သြဂုတ် ၁၂ ရက်ကစပြီး လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူနေတယ်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။ အဓိကအားဖြင့် မန္တလေးမြို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာလို့ သူက ပြောပါတယ်။ [caption id="attachment_62263" align="alignright" width="300"]ဓာတ်ပုံ - Zaw Zaw Diana Facebook ဓာတ်ပုံ - Zaw Zaw Diana Facebook[/caption]“စားသောက်ဆိုင်တွေမှာ မနက်စာစားတဲ့အချိန်တို့၊ နေလယ်ချိန်တို့၊ ရုံးချိန်တို့၊ ကျောင်းသွားချိန်တို့မှာ traffic တွေဖြစ်တာပေါ့။ ဆိုင်တွေလာပြီး သုံးဆောင်တဲ့သူတွေ အားလုံးက ယာဉ်နှစ်ထပ်ပေါ့။ ဆိုင်ကယ်ဆိုလည်း ဖြစ်သလိုရပ်တယ်။ ဆိုင်ကယ်တထပ်၊ ကားနှစ်ထပ်၊ လက်ရှိလမ်းက ကျဉ်းသွားတာပေါ့။ အဲလိုမဖြစ်အောင် သူတို့ကိုလည်း စီမံခန့်ခွဲပါ၊ ဆိုင်က မစီမံဘူးဆိုရင် ကျနော်တို့ လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်ဆိုပြီး ကျနော်တို့ ခေါ်ပြောတယ်။ မနေ့ကစ အရေးယူနေပါပြီ။ နောက်တပိုင်းက မန္တလေးမြို့ မြို့ပတ်လမ်းကနေ သုံးတန်နဲ့အထက်ကားတွေ ၀င်တွေ လမ်းကြောင်း၊ ရှမ်းပြည်ကလာတဲ့လမ်းကြောင်၊ ဗန်းမော်လမ်းကြောင်း၊ မိုးကုတ်ကလာတဲ့ကားတွေ၊ ရန်ကုန်ကလာတဲ့ကားတွေ၊ မုံရွာ-ကလေးဘက်ကလာတဲ့ ကားတွေကိုလည်း မ၀င်ရလမ်းကြောင်းတွေ အသစ်သတ်မှတ်ပြီး လုပ်မှာပါ။ သတင်းစာထဲထည့်ကြော်ငြာမှာပါ။ ၀င်ရင် ဒဏ်ရိုက်တာတို့၊ အရေးယူတာတွေ လုပ်မှာပါ။” ဒီလိုအရေးယူဖို့ မလုပ်ခင် သက်ဆိုင်ရာက စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ ကားအသင်းတို့ကို အကြိမ်ကြိမ် ခေါ်ယူဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့က သတင်းအယ်ဒီတာ ကိုစန်းယုကျော်ကတော့ စည်းကမ်းမဲ့ စားသောက်ဆိုင်နဲ့ ကားတွေကို ခဏတဖြုတ် အရေးယူရုံနဲ့မရဘဲ စစ်ဆင်ရေးတရပ်အနေနဲ့လုပ်မှ ရမယ်လို့ ပြောပါတယ်။ “မန္တလေးမြို့ ယာဉ်ကြောပိတ်ဆို့တယ်ဆိုတာ ယာဉ်တွေများလို့ မဟုတ်ဘူး။ လမ်းပေါ်မှာ ကားတွေ ဆိုင်ကယ်တွေကို စည်းကမ်းမဲ့ ယာဉ်မောင်းတချို့က စည်းမဲ့ကမ်းမဲ့ ဆိုင်တချို့ရှေ့မှာ ရပ်နေလို့ဖြစ်တာ။ စားသောက်ဆိုင်တွေ တချို့ဆိုင်တွေကလည်း လမ်းပေါ်တက်ပြီးတော့ ကျူးလွန်ဖွင့်ဖို့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်တာ မှန်တယ်။ အဲဒါတွေကလည်း အခုထိ အရေးယူဖို့ဆိုပြီး စည်ပင်သာယာကလည်း ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ခဏခဏ ထုတ်တယ်။ ဒါတွေ ဥပဒေတွေကို အသက်ဝင်အောင်လို့ မလုပ်ကြဘူး။ ပြောတုန်းခဏနဲ့ ပြီးသွားတဲ့ သဘောဖြစ်နေတာ။ ဒါက စစ်ရေးပုံစံမျိုးလုပ်မှ အဆင်ပြေမယ့် သဘောဖြစ်နေတာ။” သက်ဆိုင်ရာက လမ်းတွေမှာ ယာဉ်ကြောအချက်ပြ ဆိုင်းဘုတ်တွေ တိုးချဲ့တပ်ဆင်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။ မန္တလေးမြို့မှာ ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့ပြီး မနေ့တနေ့ကမှ ပြန်လည်ရုပ်သိမ်းခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024