Home
စီးပွားရေး
အေဂျီဒီဘဏ် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း တရားဝင် ရောင်းချထားပေးပြီး
DVB
·
August 13, 2014
အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူခြင်း ခံနေရတဲ့ လုပ်ငန်းရှင် သူဌေးကြီး ဦးတေဇဟာ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ပိုင်ဆိုင်ထားတဲ့ သူရဲ့ အေဂျီဒီဘဏ်ရဲ့ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကို အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးများထံ ရောင်းချထားပေးပြီးဖြစ်တယ်လို့ ပြောပါတယ်။ adg bankသြဂုတ်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (ယူအမ်အက်ဖ်စီစီအိုင်)အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အသင်းချုပ်ရဲ့ ၂၃ နှစ်မြောက် အစည်းအဝေးအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဦးတေဇက ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “သူ့အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် လုပ်ရကိုင်ရ ခက်ခဲလာတာကြောင့် အစုရှယ်ယာတွေကို ရောင်းချဖို့ စီစဉ်ရတာ”လို့ ဆိုပါတယ်။ အခုဆို ဦးနေ၀င်းရဲ့ မြေးတွေကို ဘဏ်ရဲ့ ၆၀ ရာခိုင်နှုန်းအထိ ရောင်းချပေးဖို့ စကားပြောပြီး ဖြစ်ပေမယ့် ပြန် စဉ်းစားနေတယ်လို့ ဦးတေဇက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024