A d v e r t i s e m e n t With Us

ကျောင်းဆရာမရှိသဖြင့် ပို့ပေးရန် မိုးညိုဒေသခံများ သမ္မတထံ တောင်းဆို

ပဲခူတိုင်း မိုးညိုမြို့နယ် အောင်မိုးဟိန်းရွာမှာ ကျောင်းမြေရှိပြီးဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ ကျောင်းဆရာ မပေးတဲ့အတွက် ကျောင်းသားမိဘတွေက နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံပညာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာတွေကို မနေ့က စာပေးပို့ တောင်းဆိုလိုက်ကြပါတယ်။ schoolမိုးညိုမြို့နဲ့ ၄ မိုင်လောက်ပဲ ဝေးပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အဲဒီရွာက ကျောင်း သားတွေဟာ အနီဆုံးကျောင်းရှိတဲ့ ရွာကို သွားဖို့ မြစ်လက် တက်တခုကို ဖြတ်ရလို့ ကလေးငယ်တွေအတွက် စိတ်မချ ရကြောင်း ကျောင်းသားမိဘတွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းမှာ အပြင်က ဆရာတဦး ငှားပြီး ကျောင်းသားငယ်တွေကို သင်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up