DVB Logo
Home
မြန်မာသတင်း
ဝန်ဆောင်မှု နံပါတ် ၁ ဖြစ်ရေး ကြိုးစားသွားမည်ဟု ဆက်သွယ်ရေးပြော
DVB
·
August 12, 2014
ဝန်ဆောင်မှု နံပါတ် ၁ ဖြစ်ရေး ကြိုးစားသွားမည်ဟု ဆက်သွယ်ရေးပြော
Donate to DVB

နိုင်ငံခြားကုမ္ပဏီတွေ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု လုပ်လာတဲ့ ဆက်သွယ်ရေးလုပ်ငန်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှုအရည်အသွေးဟာ ပြည်သူလူထု ကျေနပ်အားရစရာ အရည်အသွေး မဟုတ်ဘူးဆိုတာ လက်ခံပါတယ်လို့ ဆက်သွယ်ရေးသင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။

MPT Sim cardမြန်မာ့ဆက်သွယ်ရေး အနေနဲ့ ရှိပြီးသားဖောက် သည်တွေ ဆက်လက်သုံးစွဲဖို့ ဂရုတစိုက်နဲ့ စီစဉ်နေပြီး ဒါထက်ပိုကောင်းတဲ့ အစီအစဉ်တွေကို လည်း ပေးသွားမယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုး က ပြောပါတယ်။

ဒါပေမယ့် နိုင်ငံခြား ကုမ္ပဏီ ၂ ခုနဲ့ ယှဉ်ပြီး လုပ်ကိုင်လာရင် ဈေးကွက်ဝေစု လျော့နည်းမှာကို သိရှိတယ်လို့ ဆက်သွယ်ရေး သင်တန်းကျောင်းအုပ် ဦးကျော်စိုးက ပြောပါတယ်။

“ကျနော်တို့ အမ်ပီတီက လက်ရှီ ဈေးကွက် ဝေစု အများစုကို ယူထားတဲ့ ဆက်သွယ်ရေး အော်ပရေတာပေါ့။ ဒါပေမယ့် ရေရှည်မှာ ကျနော်တို့ ဈေးကွက်ဝေစုက တဖြည်းဖြည်းနဲ့ ကျသွားနိုင်တယ်ဆိုတာလည်း ကြိုမြင်ပါတယ်။ ဒါကြောင့် အမ်ပီတီရဲ့ ၀န်ဆောင်မှုတွေကို ယုံယုံကြည်ကြည် အဆင်ပြေပြေ သုံးစွဲနိုင်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရေး ၀န်ဆောင်မှုအရည်အသွေးက အခုချိန်မှာ ပြည်သူကျေနပ်လောက်စရာ အရည်အသွေးမဟုတ်ဘူးဆိုတာ ကျနော်တို့အားလုံး လက်ခံပါတယ်။ ဒီထက်ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု ပေးဖို့၊ အော်ပရေတာတွေနဲ့ ယှဉ်လိုက်ရင် အမ်ပီတီရဲ့ ၀န်ဆောင်မှု နံပါတ် ၁ ဖြစ်ဖို့ အမြဲတမ်း ဆောင်ရွက်သွားမယ်။”

နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ အော်ရီဒူး ကုမ္ပဏီက ဆင်းမ်ကတ်တွေ ရောင်းချပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၀န်ဆောင်မှု အသစ်တွေနဲ့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ ဖုန်းနံပါတ် သုံးခုကို သြဂုတ်လအတွင်းမှာ ၁ မိနစ်ကို ၂၅ ကျပ်နှုန်းနဲ့ ခေါ်ဆိုနိုင်မယ့် ၀န်ဆောင်မှုကို စတင်လာခဲ့ပြီး အခုတော့ အမ်ပီတီ ဆင်းမ်ကတ် သုံးခုကို ငွေ ၁၅၀၀ ကျပ်နဲ့ ၀ယ်ယူခွင့်ပေးတဲ့ အရောင်းမြှင့်တင်တာကိုလည်း ဒီရက်ပိုင်းမှာ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဇူလိုင်လကုန်ပိုင်းမှာပဲ မန္တလေးမြို့မှာ အော်ရီဒူးဆင်းမ်ကတ်တွေ စတင်ရောင်းချခဲ့ပြီး လက်ရှိ အချိန်မှာ အခမဲ့ သုံးလို့ရနေတဲ့အတွက် သုံးစွဲနေပါတယ်လို့ မန္တလေးမြို့က ကိုသားငယ်က ပြောပါတယ်။

ရန်ကုန်မြို့က ကိုကျော်လင်းမြင့်ကတော့ အခြေခံလူတန်းစားတွေအနေနဲ့ ဖုန်းအမျိုးအစား မရွေးတဲ့ တယ်လီနောကိုပဲ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။

အမ်ပီတီ ဖုန်းလိုင်းရဲ့ လက်ရှိအခြေအနေနဲ့ ရွေးချယ်စရာတွေ ရှိလာခဲ့ရင်ဆိုတဲ့ မေးခွန်းကိုတော့ တောင်ကြီးမြို့က ခွန်ကျော်ဇင်ထွန်းက အခုလိုပြောပါတယ်။

“အမ်ပီတီက တောင်ကြီးမြို့မှာ လိုင်းက တမြို့လုံးအနေအထားနဲ့ မကောင်းဘူး။ တာဝါတိုင်နဲ့ နီးတဲ့နေရာတွေဆိုရင်တောင် အင်တာနက်လိုင်းက စိတ်ရှည်လက်ရှည် သုံးနေရတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ သူများတွေ သုံးနေကြပြီ။ ကျနော်တို့ဆိုရင် သုံးချင်တာ လက်ကိုယားနေတာပဲ။ ဒါပေမယ့် အမ်ပီတီနဲ့ ဘာကွာခြားမှုရှိလဲပေါ့။ ဈေးနှုန်းအနေအထားအရဆိုရင် တယ်လီနောပဲဖြစ်ဖြစ်၊ အော်ရီဒူးပဲဖြစ်ဖြစ် သုံးရတာက ၁ မိနစ် ၂၅  ကျပ်ဆိုတဲ့အနေအထားရှိတယ်။ ကျနော်တို့ အဲလိုမျိုးလေးတွေ သုံးချင်တာပေါ့။”

ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားတဲ့ တယ်လီနောကုမ္ပဏီက သူတို့ရဲ့ ဆင်းမ်ကတ်တွေကို ရှေ့လထဲမှာ ရောင်းချမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013