DVB Logo
Home
မြန်မာသတင်း
ကရင့်အာဇာနည်နေ့ ရန်ကုန်နှင့် ကရင်ပြည်နယ်တ၀န်း ကျင်းပ
DVB
·
August 12, 2014
ကရင့်အာဇာနည်နေ့ ရန်ကုန်နှင့် ကရင်ပြည်နယ်တ၀န်း ကျင်းပ
1 / 13
Donate to DVB

ဒီကနေ့ကျရောက်တဲ့ ၆၄ နှစ်ပြည့် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်အပါအ၀င် ကရင်ပြည်နယ်က နေရာတော်တော်များများမှာ ကျင်းပနေကြပါတယ်။

ဒီကနေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ မျိုးချစ်ခေါင်းဆောင် ရဲဘော်တွေ ကျဆုံးတဲ့ ၆၄ နှစ်ပြည့် ကရင်အာဇာနည်နေ့ဖြစ်ပါတယ်။

စောဘဦးကြီး လုပ်ကြံခံခဲ့ရတဲ့ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာမှာ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့က အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား ပူးပေါင်းကျင်းပခဲ့ပါတယ်။

ဒီလိုအလားတူအခမ်းအနားကိုလည်း ကေအန်ယူထိန်းချုပ်ရာ ခရိုင်၊ တပ်မဟာ အသီးသီးမှာ ကျင်းပခဲ့ကြသလို ဒီကကေဘီအေ ဌာနချုပ် ဆုံစည်းမြိုင်မှာလည်း  အခမ်းအနားတွေ  ကျင်းပခဲ့ကြပါတယ်။

၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အတွက် ပေးပို့တဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးရဲ့ မိန့်ခွန်းသ၀ဏ်လွှာမှာတော့ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ထားတဲ့ မူ ၄ ချက်ကို  ကိုင်ဆွဲပြီး လုပ်ဆောင်သွားဖို့ တိုက်တွန်းသွားပါတယ်။

ဒ့ါအပြင် အညံ့ခံ အရှူံးပေးတဲ့ စိတ်ဓာတ်တွေ ကင်းစင်အောင်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အခွင့်အရေးရရှိအောင်၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြ`ဋ္ဌာန်းခွင့်နဲ့ တိုးတက်ဖွံ့ဖြိုးခွင့်ရှိတဲ့ ပြည်ထောင်စုကို ပိုင်ဆိုင်ဖို့ မိမိနိုင်ငံရေးကံကြမ္မာကို မိမိဘာသာဖန်တီးနိုင်ဖို့ လမ်းညွှန်ချက်တွေကို ကိုင်စွဲထားဖို့လည်း တိုက်တွန်းထားပါတယ်။

ကရင့်အာဇာနည် စောဘဦးကြီးရဲ့ မူ ၄ ချက်ကတော့ ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမယ်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးရမယ်၊ ကရင်ပြည်နယ် ကရင် အုပ်ချုပ်ရမယ်၊ လက်နက်ချတဲ့ စကား ဘယ်တော့မှ မပြောနဲ့ ဆိုတာတွေပဲဖြစ်ပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ယုဒသန်ဝင်းအတွင်းရှိ ဂျက်ဆင်ခန်းမမှာလည်း ဒီမနက် ၁၀ နာရီခွဲက ကျင်းပခဲ့ပြီး လူပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

 

dvb1 dvb2 dvb3 dvb4 dvb5 dvb6 dvb7

ဓာတ်ပုံ - ထွန်းထွန်းသိန်း

1 2 3 4 5

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013