DVB Logo
Home
မြန်မာသတင်း
ပဲခူးက ပိတ်ထားသည့် ၁၇၅ ကျောင်းတွင် ၂၅ ကျောင်းပြန်ဖွင့်
DVB
·
August 12, 2014
ပဲခူးက ပိတ်ထားသည့် ၁၇၅ ကျောင်းတွင် ၂၅ ကျောင်းပြန်ဖွင့်
Donate to DVB

ရေကြီးရေလျှံမှုတွေကြောင့် သြဂုတ် အစောပိုင်းတုန်းက ပိတ်ထားခဲ့တဲ့ ပဲခူးကကျောင်း ၁၇၅ ကျောင်းမှာ ၂၅ ကျောင်းကို ပြန်ဖွင့်လိုက်ပါတယ်။

[caption id="attachment_62129" align="alignleft" width="300"]ပဲခူးမြို့ ရေကြီးနေစဉ် ပဲခူးမြို့ ရေကြီးနေစဉ်[/caption]

ပဲခူးတိုင်း မြို့နယ် ၇ မြို့နယ်က ကျောင်းတွေ ကို ပိတ်ထားခဲ့ရတာဖြစ်ပြီး ခုချိန်မှာတော့ ပဲခူးမြို့နယ် နဲ့ က၀မြို့နယ် က ကျောင်း၂၅ ကျောင်း ကတော့ ရေကျ သွားတဲ့ အတွက် ပြန်ဖွင့် နိင်ပြီလို့ ပဲခူးတိုင်းပညာရေး ညွှန်ကြားရေးမှူး ဦးစောစံရင် က ပြောပါတယ်။

ပြန်ဖွင့်လိုက်တဲ့ကျောင်းတွေမှာတော့ သင်ရိုးပြန်မီဖို့အတွက် အချိန်ပိုခေါ်ပြီး စာသင်ပေးတာတွေ ပိတ်ရက်တွေမှာည်း သင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ကျောင်းတွေကိုလည်း ခုလက်ရှိ ပိတ်ထားရပေမယ့် ရေပြန်ကျသွားတဲ့အခါ ပြန်ဖွင့်မယ်လို့ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမှာ မိုးများပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် နေခဲ့တာကြောင့် ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလို့ ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁ သောင်းကျော် ခိုလှုံနေကြပါတယ်။ လယ်ဧကပေါင်း သောင်းချီ ရေနှစ်မြုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013