Home
သတင်းတို
ပီတီတီအီးပီက ကုန်းတွင်းရေနံရှာဖွေရေးတွင် ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံ
DVB
·
August 11, 2014
ထိုင်းကုမ္ပဏီဖြစ်တဲ့ ပီတီတီအီးပီဟာ မြန်မာနိုင်ငံ ကုန်းတွင်းရေနံ ရှာဖွေရေး လုပ်ငန်းတွေမှာ ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ရင်းနှီးမြှုပ်နှံဖို့ သြဂုတ် ၈ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပီတီတီအီးပီဟာ နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပိတောက်ပင်နဲ့ နတ်မီးဒေသတွေမှာ ရေနံတွင်း ၄ တွင်း တူးဖော်ပြီး ရေနံရှာဖွေသွားမယ်လို့ ဆိုပါတယ်။ ပီတီတီအီးပီဟာ မြန်မာနိုင်ငံမှာ ကမ်းလွန်နဲ့ ကုန်းတွင်း လုပ်ကွက် ၇ ကွက် လုပ်ပိုင်ခွင့် ရရှိထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး လက်ရှိလည်း ရတနာကမ်းလွန်လုပ်ကွက်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့တွကို တနင်္သာရီတိုင်း ကံပေါက်ကနေ တဆင့် ထိုင်းနိုင်ငံထဲ တင်ပို့နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024