Home
မြန်မာသတင်း
သြဂုတ် ၁၂ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
DVB
·
August 11, 2014
သြဂုတ် ၁၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ် ထွန်းနေပါတယ်။ Slide9မြန်မာ့ပင် လယ်ပြင်အခြေအနေ ခန့်မှန်းချက် ကတော့ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၄ ပေကနေ ၆ ပေလောက်မြင့် တက်နိုင်ပါတယ်။ သြဂုတ် ၁၂ ရက်နေ့ ခရမ်းလွန်ရောင်ခြည်မြင့်တက်နိုင်မှုက လွန်ကဲအဆင့် ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကျရောက်နိုင်တာကတော့ မော်လမြိုင်၊ ပဲခူး၊ လားရှိုးနဲ့ မြစ်ကြီးနားမြို့တို့ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အနိမ့်ဆုံး ကျရောက်နိုင်တဲ့ မြစ်ကြီးနားမြို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုးကတော့ ၄.၆ သာရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့  လွန်ကဲအဆင့်ထက် မြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေဟာ ၁၁ ကနေ ၁၃ ကျော်အထိ မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ မကွေးမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၅ အထိ ကျရောက်နိုင်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမြောက်ပိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြား မိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့  ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊  ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။   ရန်ကုန်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၁၀၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်ထူထပ်နိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၂၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024