အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းကုမ္ပဏီ ၃ ခုကို ခွင့်ပြု

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိကကုမ္ပဏီ ၃ ခုကို အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း လုပ်ကိုင်ခွင့်ပြုတဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုး ပေးလိုက်ပြီ ဖြစ်ပါတယ်။ MGLအဲဒီ ကုမ္ပဏီ ၃ ခုကတော့ Magnate Group Logistic, Smart Logistic, Transmarine Logistic တွေ ဖြစ်ကြ ပါတယ်။ တနေ့တည်းမှာပဲ United Courier Services နဲ့ Myanmar USU ကုမ္ပဏီတွေကိုလည်း လာမယ့် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း လုပ်ခွင့်စာချုပ်ကိုပါ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းဟာ ပို့ခ ဈေးကြီးတဲ့အပြင် ၀န်ဆောင်မှုလည်း အားနည်းတယ်လို့ ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up