A d v e r t i s e m e n t With Us

အီရန်နိုင်ငံ ခရီးသည်တင်လေယာဉ်ပျက်ကျ၊ အနည်းဆုံး ၃၈ ဦးသေဆုံး

ဓာတ်ပုံ - အေပီ
အီရန်နိုင်ငံ ခရီးသည်တင် လေယာဉ်တစင်း သြဂုတ်လ ၁၀ ရက်နေ့မှာ ပျက်ကျသွားပြီး အနည်းဆုံး ၃၈ ယောက် သေဆုံးတယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။ အရှေ့မြောက်ဒေသမှာ ရှိတဲ့ တာဘက်စ်မြို့ဆီကို ဦးတည်ပျံသန်းတဲ့ လေယာဉ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၄၈ ယောက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ [caption id="attachment_62057" align="alignright" width="460"]ဓာတ်ပုံ - အေပီ ဓာတ်ပုံ - အေပီ[/caption]အစောပိုင်းသတင်းတွေမှာ လေယာဉ်ပေါ် ပါသူအားလုံး သေဆုံးတယ်လို့ ဆိုပေမယ့် နိုင်ငံပိုင် မီဒီယာမှာတော့ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့တဲ့ သတင်းကို ထုတ်လွှင့်ပြသပါတယ်။ အိုင်အာအန်အေ သတင်းအရ လူ ၈ ယောက်၊ ၉ ယောက် အသက်ရှင်ပြီး ဒဏ်ရာရသူတယောက် သတိပြန်လည်လာတယ်လို့ ဆရာဝန်တယောက်ကို ကိုးကားပြီး ထုတ်လွှင့်သွားပါတယ်။ နိုင်ငံပိုင်ရုပ်သံမှာတော့ လူ ၃၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပိုတာကို သတင်းတွေမှာ ပြသပါတယ်။ အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ အဆိုအရ ခရီးသည်တွေထဲမှာ ရင်ခွင်ပိုက်အရွယ်ကလေး ၂ ယောက်၊ အသက် ၁၂ အရွယ် ကလေး ၃ ယောက်လည်း ပါသွားတယ်လို့ ဆိုပါတယ်။ လေယာဉ် စက်ပိုင်းချို့ယွင်းတာကို လေယာဉ် စပျံသန်းပြီး ၄ မိနစ်အကြာမှ လေယာဉ်မှူးကို သိရှိခဲ့ပြီး လေဆိပ်ဆီကို နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားခဲ့ပေမယ့် လမ်းခုလတ်မှာပဲ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up