DVB Logo
Home
မြန်မာသတင်း
မြန်မာ နောက်ကြောင်းပြန်ဖို့ မရှိဟု သမ္မတပြော
DVB
·
August 9, 2014
မြန်မာ နောက်ကြောင်းပြန်ဖို့ မရှိဟု သမ္မတပြော
Donate to DVB

မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘဲ ရှေဆက်သွားဖို့ပဲ ရှိတယ်လို့ သမ္မတဦးသိန်းစိန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ပြောကြား လိုက်ပါတယ်။

အာဆီယံထိပ်သီးစည်းဝေးတက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ သမ္မတတို့ သြဂုတ်လ ၉ ရက် မနက်ပိုင်းက ၁နာရီခွဲကြာ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

[caption id="attachment_62003" align="alignright" width="720"]ဓာတ်ပုံ - MOI ဓာတ်ပုံ - MOI[/caption]သမ္မတနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က “နိုင်ငံတော်သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူး။ ရှေ့ကို ဆက်သွားဖို့ပဲရှိတယ်။ ဒီလိုရှေ့ဆက်သွားဖို့လည်း အမေရိကန်အပါအ၀င် နိုင်ငံတကာက ပါဝင် ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပြောကြားခဲ့ပါတယ်”လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ချီးကျုးပြောဆိုခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးမယ်လို့ ပြောသွားတယ်လို့လည်း သူက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ရခိုင်ပြည်နယ်ပြဿ နာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ၊ မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ မီဒီယာသမားတွေ ဖမ်းဆီးခံနေရမှု ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော် အာဆီယံထိပ်သီးစည်းဝေးပွဲတက်ပြီး သြဂုတ် ၁၀ ရက်မှာ ရန်ကုန်ကို သွားရောက်ဖို့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ရန်ကုန်မြို့မှာ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မြန်မာပြည်ခရီးစဉ် အဆုံးသတ်မှာလည်း ဖြစ်ပါတယ်။

ဂျွန်ကယ်ရီ မြန်မာပြည်မလာခင်က အမေရိကန်ကွန်ဂရက်အမတ် ၇၀ လောက်စုပေါင်းပြီး မြန်မာ့အရေးဆွေးနွေးစေလိုတာတွေ သူ့ဆီ စာရေးပေးပို့ထားခဲ့ပြီး ဒီနေ့ သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေးပွဲမှာ ဒီလိုစာပေးပို့ထားတာ ရှိတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013