အီဘိုလာရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အီဘိုလာရောဂါကို နိုင်ငံတကာအရေးပေါ်ရောဂါအဖြစ် သြဂုတ်လ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အီဘိုလာရောဂါဟာ ရောဂါထူး၊ ရောဂါဆန်းတခုမဟုတ်ပဲ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ရောဂါတခု ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ အီဘိုလာရောဂါ ကာကွယ်ကုသဆေးအတွက် ၁၁ နှစ်ကြာ သုတေသနလုပ်နေတဲ့ အမေရိကန်ဓါတ်ခွဲခန်း Scripps ရဲ့ ပါမောက္ခ ဒေါက်တာ အဲရစ်ကာ အိုးမန်း စပဲယားက သူတို့ရဲ့ စမ်းသပ်ဆဲ ZMapp ဆေး နဲ့ အရေးပေါ်ကုသခဲ့တဲ့ အမေရိကန်နှစ်ဦး တိုးတက်ကောင်းမွန်ကြောင်း သိရှိရလို့ အတော့်ကို စိတ်သက်သာရာရခဲ့ကြောင်း ပြောဆိုပါတယ်။ ebola2.jpg_1718483346ပါမောက္ခ ဒေါက်တာ အဲရစ်ကာ အိုးမန်း စပဲယားက “ဆေးက စမ်းသပ်ဆဲအဆင့်မှာပဲ အရေးပေါ် ထုတ်သုံးခဲ့ရတာ တိုးတက်မှုရှိတယ်လို့ကြားသိရလို့ အတော့်ကို ၀မ်းသာပါတယ်။ ဓါတ်ခွဲခန်းထဲမှာတော့ စမ်းသပ်ပြီးသွားပြီ၊ တိရစာန်တွေနဲ့ စမ်းသပ်ပြီးသွားပြီ၊ ဒါကြောင့် ယုံကြည်မှုတော့ရှိပါတယ်။ လူနဲ့စမ်းသပ်ဖို့ပဲ ကျန်တာပါ။ အဲ့ဒါကလည်း ၂၀၁၅ မှာ အစီအစဉ်ဆွဲထားပါတယ်။ ဒါပေမယ့် ရောဂါက ရုက်တရက်ပြန်ဖြစ်လာတော့ စမ်းသပ်ဆေးကိုပဲ အရေးပေါ်ထုတ်သုံးခဲ့ရလို့ စိုးရိမ်မှုရှိခဲ့တာလည်း အမှန်ပါပဲ”လို့ ပြောပါတယ်။ စမ်းသပ်နေဆဲ့ ဆေးနဲ့ အောင်မြင်နေတယ်လို့ ဆိုပေမယ့် ဆေးတခုထဲကိုပဲ အားမကိုးပဲ ရောဂါထိန်းချုပ်ရေးကိုလည်း အနောက်အာဖရိကနိုင်ငံတွေမှာ စနစ်တကျလုပ်ဖို့ လိုအပ်သေးတယ်လို့လည်း စပဲယား က ပြောဆိုပါတယ်။ ဒီနှစ်အတွင်း ရောဂါပြန်ဖြစ်ပွားလာခဲ့တာမှာ လူဦးရေ ၁၇၀၀ ကျော် ကူးစက်ခံခဲ့ရပြီး အဲ့ဒီထဲက ၉၃၂ ဦး သေဆုံးခဲ့ကြပါတယ်။ ရောဂါစတင်တွေ့ရှိပြီး နှစ်ပေါင်း ၄၀ အတွင်း ဒီနှစ်ဟာ ရောဂါနဲ့ သေဆုံးမှု အများဆုံး နှစ်လည်း ဖြစ်ပါတယ်။ လက်ရှိစမ်းသပ်ဆဲဆေးနဲ့ အောင်မြင်တယ်ဆိုတာကြောင့် အနောက်အာဖရိကနိုင်ငံတွေမှာ အရေးပေါ်သုံးစွဲဖို့ ရောဂါကျွမ်းကျင်သူတွေက WHO ကို တိုက်တွန်းနေကြပါတယ်။ WHO ကတော့ အတည်မပြုနိုင်သေးတဲ့ဆေးကို အခြေအနေအရ အရေးပေါ်သုံးစွဲ သင့်မသင့်၊ ကျင့်ဝတ်ရေးရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up