ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းပြား ရန်ကုန်မြို့တော်ခန်းမတွင် တပ်မည်
ပိုင်စိုး
·
August 8, 2014

ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖော်ပြမယ့် အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမမှာ မနက်ဖြန်တပ်ဆင်တော့မှာ ဖြစ်ပါတယ်။
[caption id="attachment_61966" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ PHILIPS ကုမ္ပဏီတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အခုလို တပ်ဆင်တာဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။
“PHILIPS က ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငွေကြေးထောက်ပံ့ကူညီထားပါတယ်။ သမိုင်းကြောင်းမှာ အရေးပါတဲ့ အဆောက်အအုံ၊ လူပုဂ္ဂိုလ် စတာတွေကို လေ့လာမှတ်တမ်းတင်နိုင်ဖို့ပါ” လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ လူမှုဆက်ဆံရေး အရာရှိ မရွှေယင်းမာဦးက ပြောပါတယ်။
မြို့တော်ခန်းမ အပါအ၀င် အဆောက်အအုံ ၆ ခု အတွက် ကမ္ပည်းပြားတွေ အဆင်သင့်ရှိနေပေမယ့် ဘယ်တော့ ကပ်ဖြစ်မယ်ဆိုတာကိုတော့ မသိသေးပါဘူးလို့လည်း မရွှေယင်းမာဦးက ပြောပါတယ်။
မြို့တော်စည်ပင်က လက်ရှိပြုစုထားတဲ့ စာရင်းအရ ရန်ကုန်မှာ ထိန်းသိမ်းဖို့ လိုအပ်တဲ့ အဆောက်အအုံ ၁၈၉ လုံး ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့လယ် ဧရိယာကို အမေရိကန်အခြေစိုက် World Monument Fund ရဲ့ ၂၀၁၄ ခုနှစ် စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
