လိုင်စင်လျှောက်ရခက်သဖြင့် ဟန်းဆက် တရားမ၀င်သွင်းမှုဖြစ်ပေါ်

တယ်လီဖုန်း ဟန်းဆက်တင်သွင်းရာမှာ လိုင်စင်လျှောက်ရ ခက်ခဲတာကြောင့် မှောင်ခိုတင်သွင်းတာတွေ ဖြစ်ပေါ်နေတာလို့ ဟန်းဆက်မှောင်ခိုတင်သွင်းသူတွေနဲ့ ဆွေးနွေးခဲ့တဲ့ မိုဘိုင်းတင်းအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။ cell-phone-ဟန်းဆက်တင်သွင်းခွင့် လိုင်စင်ကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ လျှောက်နိုင်ပေမယ့် တင်သွင်းခွင့်လိုင်စင် ယူမယ်ဆိုရင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ထောက်ခံချက်ယူရတဲ့အတွက် အခက်အခဲအတားအဆီး ဖြစ်နေကြကြောင်း ဆိုပါတယ်။ ထောက်ခံချက်ပေးရန် သင့်မသင့်ဆိုတဲ့ အဆင့် ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ စဉ်းစားဆုံးဖြတ်ပြီး ဆောင်ရွက်ပေးသင့်တယ်လို့ ပြောပါတယ်။ တရားမ၀င်ဟန်းဆက်တွေဟာ လေကြောင်းလိုင်းတွေကလည်း ၀င်လာတတ်သလို၊ မူဆယ်နဲ့ မြ၀တီ စတဲ့ နယ်စပ်ကုန်းတွင်းလမ်းကြောင်းတွေကသာမက ဆိပ်ကမ်းတွေမှာလည်း ရောနှောသယ်ဆောင်တာတွေ ရှိနေပါတယ်။ မြန်မာ့ဆက်သွယ်ရေးကနေ မိုဘိုင်းဖုန်းဆင်းကတ်တွေ ထုတ်ရောင်းတာ ၇ သန်းဝန်းကျင် ရောက်ရှိလာပေမယ့် တရားဝင် အခွန်ဆောင်ပြီး ဟန်းဆက်တင်သွင်းမှုဟာ အရေအတွက် ၁ သိန်းတောင် မရှိတဲ့အတွက် တရားဝင်တင်သွင်းမှု ဖြစ်လာအောင် ဆောင်ရွက်ကြဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းထားဖူး ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up