DVB Logo
Home
မြန်မာသတင်း
တယ်လီနော်ဆင်းကတ် နိုင်ငံတကာတွင် သုံးနိုင်
DVB
·
August 8, 2014
တယ်လီနော်ဆင်းကတ် နိုင်ငံတကာတွင် သုံးနိုင်
Donate to DVB

စက်တင်ဘာလအတွင်း ထွက်ရှိလာမယ့် တယ်လီနောဆင်းကတ်တွေမှာ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်မယ့်စနစ် ပါဝင်လာမှာဖြစ်ပါတယ်။

တယ်လီနောဆင်းကတ်တွေကို 2 G၊ 3G စနစ် ၂ မျိုး နဲ့ ထုတ်လုပ်မှာဖြစ်ပြီး ဆင်းကတ်တိုင်းမှာ အင်တာနက်စနစ် ပါဝင်လာမှာဖြစ်ပါတယ်။

3 G စနစ်သုံး ဆင်းကတ်တွေမှာတော့ အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်မယ်လို့ တယ်လီနော် CEO ဖြစ်သူ Mr. Petter Furberg က ဒီဗွီဘီကို ပြောပါတယ်။

Telenor“အဓိကကတော့ 2G နဲ့ 3 G မှာ အင်တာနက်ကောင်းကောင်းရဖို့ပါပဲ။ ဒုတိယကတော့ video call ကောပေါ့။ ပြီးတော့ internation roming စနစ်ပေါ့။ တကယ်လို့ ခင်ဗျားတခြားနိုင်ငံတွေကို ခရီးသွားရင် တယ်လီနော ဆင်းကတ်ကို ယူသွားနိုင်ပါတယ်။ သင့်တော်တဲ့ဈေးနှုန်းတွေနဲ့ ကမ္ဘာအနှံ့ကို ဒီနံပါတ်ကနေ ခေါ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတကာကို SMS လည်း ပို့လို့ရပါမယ်၊ လက်ခံလို့လည်း ရပါမယ်။ SMS ကနေ ပုံတွေ ပိုလို့လည်း ရပါမယ်။”

တယ်လီနောဆင်းကတ်တွေကို စက်တင်ဘာလအတွင်း ၁၅၀၀ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

စစချင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ နေရာအနှံ့မှာ အသုံးပြုနိုင်ဖို့အတွက် အချိန်အနည်းငယ်ကြာဦးမယ်လို့ Mr. Petter Furberg က ဆိုပါတယ်။

“အခု ကျနော်တို့ အကြီးမားဆုံး ရင်ဆိုင်နေရတာကတော့ တာဝါတိုင်တွေ စိုက်ထူဖို့ပါပဲ။ ဒီလုပ်ငန်းစဉ်တွေအတွက် အစိုးရက ကူညီထောက်ပံ့မယ်ဆိုတာလည်း သံသယမရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အချိန်တိုလေးအတွင်း ထောင်နဲ့ချီတဲ့ တာဝါတိုင်တွေ စိုက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ကျနော်တို့ ရည်မှန်းတာတော့ ဒီ ၅ နှစ်အတွင်းမှာ တာဝါတိုင် ၈ ထောင် စိုက်ထူဖို့ ဆိုပေမယ့် အစိုးရ၊ ပြီးတော့ ဒေသအာဏာပိုင်တွေရဲ့ တာဝါစိုက်ထူခွင့်ပြုမှုတွေ ရဖို့ကလည်း အချိန်တိုအတွင်းမှာ ရဖို့ ခက်ခဲတယ်လေ။”

မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူပေါင်း ၈ သန်း ရှိတယ်လို့ ခန့်မှန်းထားပြီး မြန်မာ့ဆက်သွယ်ရေးအပါအဝင် တယ်လီနောနဲ့ အော်ရီဒူးစတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေဟာ ကြီးမားတဲ့ ဈေးကွက်ဝေစု ရရှိဖို့အတွက် ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013