ပဲခူးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခုဖွင့်၊ လူ ၁ သောင်းကျော် ခိုလှုံ
နော်နိုရင်း
·
August 8, 2014
ပဲခူးတိုင်းဒေသကြီး ပဲခူးမှာ မိုးများပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် နေတာကြောင့် ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁ သောင်းကျော် ခိုလှုံနေကြတယ်လို့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြောပါတယ်။
ရေကြီးမှုကြောင့် ကျောင်းပေါင်း ၂၃ ကျောင်း ပိတ်ထားရသလို လယ်ဧကပေါင်း ၁ သောင်းကျော် နှစ်မြုပ်နေတယ်လို့ ပြောပါတယ်။
ပဲခူးမြို့နယ် ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဝန်ကြီးချုပ်က ကယ်ဆယ်ရေးစခန်းတွေကို ဒီနေ့သွားရောက်ပြီး ကူညီ ကယ်ဆယ်မှုတွေ လုပ်ဆောင်နေပါတယ်။
ပဲခူးရေကြီးမှု အခြေအနေနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်