DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ဇူလိုင်လအတွင်း လူသတ်မှုနှင့် မုဒိမ်းမှုတိုးလာ
DVB
·
August 8, 2014
ဇူလိုင်လအတွင်း လူသတ်မှုနှင့် မုဒိမ်းမှုတိုးလာ
Donate to DVB

ဇူလိုင်လအတွင်းက တနိုင်ငံလုံးမှာ မှုခင်းတွေ များလာသလို လူသတ်မှုနဲ့ မုဒိမ်းမှု တိုးလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Yangonပြီးခဲ့တဲ့ ဇွန်လအတွင်းက တနိုင်ငံလုံးမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ယာဉ်မတော်တဆမှု စတဲ့ မှုခင်းပေါင်း ၂၂၄၉ မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လမှာတော့ ၂၃၄၇ မှု ဖြစ်ပွားခဲ့တဲ့အတွက် မှုခင်းပေါင်း ၁၀၀ လောက် တိုးလာခဲ့တာပါ။ လူသတ်မှုနဲ့ မုဒိမ်းမှုကတော့ ဇွန်လထက် အမှု ၃၀ လောက်ပိုဖြစ်ခဲ့ပါတယ်။

ဖြစ်ခဲ့တဲ့ မှုခင်းတွေကြောင့် လူဘယ်လောက် သေဆုံး၊ ဒဏ်ရာရတယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

ဒါပေမယ့် ယာဉ်မတော်တဆမှုကြောင့် ဇွန်လအတွင်းမှာ ဒဏ်ရာရသူ ၁၇၃၀ ယောက် နဲ့သေဆုံးသူ ၂၉၈ ယောက် ရှိခဲ့ပါတယ်။

ဇူလိုင်မှာတော့ ဒဏ်ရာရသူ ၁၆၅၇ ယောက်နဲ့ သေဆုံးသူ ၂၆၁ ယောက်ရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013