DVB Logo
Home
Lead Story
လွှတ်တော်အမတ်များ၏ ၈၈၈၈ အမှတ်တရစကား
DVB
·
August 7, 2014
လွှတ်တော်အမတ်များ၏ ၈၈၈၈ အမှတ်တရစကား
1 / 5
Donate to DVB

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၆ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြပြီး အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဖြစ်နေကြတဲ့ သူတွေရဲ့ အမှတ်တရစကားတွေကို စုစည်းတင်ဆက်ထားပါတယ်။

ဦးဝင်းမြင့်

U Win Myint“ရှစ်လေးလုံးမှာ ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူတွေ အသက်သွေးချွေး ပေးဆပ်သွားတာတွေဟာ ဒီမိုကရေစီက အခုထိ မရသေးဘူး။ အဲတော့ သူတို့တွေရဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ကျန်တဲ့သူတွေကနေပြီး ပခုံးပြောင်းတာဝန်နဲ့ ဆက်လက်ပြီး ဒါကို ထမ်းဆောင်နေကြတယ်။ သူတို့တွေ အသက်သွေးချွေးတွေပေးပြီး ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် မလျှောက်လှမ်းနိုင်တဲ့ ခရီးကို အန်ကယ်တို့က ဆက်ထမ်းဆောင်နေတယ်။”

 

 

ဦးဝင်းထိန်

U Win Htein“ဒေါ်အောင်ဆန်းစုကြည် ပေါ်လာတာလည်း ရှစ်လေးလုံးက စတာပဲ။ ဒါပေမယ့် မြန်မာနိုင်ငံ နိုင်ငံရေးမြင်ကွင်းမှာတော့ ကားချပ်တွေ ပြောင်းလဲ သွားတာပေါ့။ ပထမ ကားချပ်ကတော့ ဗိုလ်ချုပ်စောမောင်၊ နောက်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့၊ အခုကျတော့ ဦးသိန်းစိန်၊ ဦးသူရရွှေမန်း၊ ဦးခင်အောင်မြင့် ဆိုတဲ့ ကားချပ်တခု၊ ကျနော်တို့ အဲဒီကားချပ်တွေနဲ့ ရင်ဆိုင်ပြီးတော့ အနာဂတ် ဒီမိုကရေစီရေးအတွက် ရည်မှန်းချက်မပျောက်ဘဲနဲ့ ဆက်ပြီး ကြိုးစားဖို့ပဲ လိုပါတယ်။”

 

 

ဦးကျော်သီဟ

U Kyaw Thiha“မအောင်မြင်နိုင်သေးတဲ့ ဒီမိုကရေစီရေးအတွက် ဆက်ပြီးလှုပ်ရှားတယ်။ လှုပ်ရှားတဲ့အတွက် အခု လွှတ်တော်ထဲတောင် ရောက်လာတယ်။ ဒါပေမယ့် ကိုယ်တို့လိုချင်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နောက်တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာတွေက ရောက်ကို မရောက်လာသေးဘူး။ အဲဒီအတွက်လည်း ရှစ်လေးလုံး နှစ်ပတ်လည်တိုင်းဟာ တို့အတွက် အမှတ်တရ၊ ကျဆုံးသွားတဲ့ ရဟန်းပြည်သူတွေ အားလုံးအတွက် လုပ်ကို လုပ်ရမယ့်အလုပ်။ အမှတ်တရ ဒီလို နှစ်ပတ်လည်ရောက်လာတဲ့ အချိန်တိုင်းဟာ အားသစ်လောင်းပြီးတော့မှ ပိုပြီး တွန်းအားပေးသလို ခံစားရတယ်။ ဒီအတွက် ပြည်သူနဲ့အတူ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ နေရာတွေကို မရောက် ရောက်အောင် ဖြတ်သန်းသွားမှာပါလို့ အမှတ်တရစကား ပြောချင်ပါတယ်။”

ဦးသိမ်းဆွေ

U Thein Swe“ရှစ်လေးလုံးမှာ ဖြတ်သန်းခဲ့ရတဲ့ ပင်ပန်းဆင်းရဲမှုတွေကို အကုန်လုံးကို သိကြတယ်။ ရှစ် လေးလုံးအတွင်းမှာ အာဏာရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ပြည်သူလူထုက သိခဲ့ကြတယ်။ အဲဒီအတွက် ပြည်သူလူထုက ဘယ်သောအခါမှ သူတို့ ရင်ထဲမှာ မမေ့ပျောက်တော့ဘူး။ ရှစ် လေးလုံး ရဲ့ စိတ်ဓာတ်၊ ရှစ်လေးလုံးက မွေးဖွားပေးလိုက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီတခု ရရှိဖို့ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ပေးဖို့ မွေးဖွားပေးလိုက်တာပါ။ အဲဒါကို အခုအချိန်အထိ သယ်ဆောင်လာခဲ့ကြတာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013