DVB Logo
Home
မြန်မာသတင်း
နေ့စဉ်ငွေလဲနှုန်းနှင့် ဒေသတွင်းစီးပွား
DVB
·
August 7, 2014
နေ့စဉ်ငွေလဲနှုန်းနှင့် ဒေသတွင်းစီးပွား
Donate to DVB

သြဂုတ် ၇ ရက်နေ့ ငွေလဲနှုန်း

အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၉၇၁ ပေါက်ပါတယ်။ ဥရောပ ၁ ယူရိုကို မြန်မာကျပ်ငွေ ၁၃၀၃၊ ထိုင်း ၁ ဘတ်ကို မြန်မာကျပ်ငွေ ၃၀.၁၊ စင်ကာပူ ၁ ဒေါ်လာ မြန်မာကျပ်ငွေ ၇၇၈.၅ အသီးသီး ပေါက်ကြပါတယ်။

ရွှေဈေး

အကယ်ဒမီရွေ ၁ ကျပ်သားကို ကျပ်ငွေ ၆၇၁၇၀၀ ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၃၀၄ ရှိပါတယ်။

ဆော့ဝဲရေးဆွဲမှုပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ ဆော့ဝဲ ရေးဆွဲမှု ပြိုင်ပွဲကို စက်တင်ဘာ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပမယ်လို့ ပွဲစီစဉ်တဲ့ Code For Change Myanmar အဖွဲ့က ကြေညာပါတယ်။

Business Solutions Hackathon လို့ နာမည်ပေးထားတဲ့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်တွင်းက ဆော့ဝဲရေးသားသူ Developer တွေအနေနဲ့ ၄၈ နာရီအတွင်း ဆော့ဝဲကို အပြီးရေးသားရမှာ ဖြစ်ပါတယ်။

Code For Change Myanmar အဖွဲ့အနေနဲ့ကတော့ မတ်လအတွင်းမှာ လယ်သမားတွေနဲ့ ပတ်သက်တဲ့ ဆော့ဝဲရေးဆွဲမှု ပြိုင်ပွဲ Myanmar’s First-Ever Hackathon ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းက ဆော့ဝဲရေးသားသူ Developer ပေါင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အဲ့ဒီပွဲမှာ ကိုအာကာမင်းအောင်တို့အဖွဲ့က အနိုင်ရရှိခဲ့ပြီး ဆုကြေးအနေနဲ့ ဒေါ်လာ ၁၀၀၀ နဲ့အတူ အဖွဲ့ဝင်အားလုံးကို တက်ပလတ်တလုံးစီ ဆုချခဲ့တယ်လို့ သိရပါတယ်။

တယ်လီဖုန်း ဟန်းဆက်ဈေးနှုန်း ခုန်တက်

နိုင်ငံတကာက ဆက်သွယ်ရေးအော်ပရေတာတွေ မြန်မာပြည်ဈေးကွက်မှာ တန်ဖိုးနည်းနဲ့ ၁၅၀၀ ကျပ်တန် ဆင်းကတ်တွေ စတင်ရောင်းချချိန်မှာ တယ်လီဖုန်းဟန်းဆက်ဈေးတွေ ခုန်တက်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ကနေ မှောင်ခိုဈေးကွက်ကနေ ဟန်းဆက်တွေ အများဆုံးဝင်ရောက်နေတာကြောင့် အခွန်လျော့ပေါ့ပေးထားတဲ့ကြားက ဈေးတက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ တယ်လီဖုန်းဆိုင်ရှင်လူငယ်တဦးက အခုအချိန်ဟာ အရောင်းရဆုံးအချိန်ဖြစ်ပြီး လတ်တလောမှာ ကျပ်ငွေ ၅ သောင်းကနေ ၁ သိန်းကြား ဟန်းဆက်တွေ ပိုရောင်းရတယ်လို့ ပြောပါတယ်။

၁၅၀၀ တန်အော်ရီဒူးဖုံးကတ်တွေ တွက်လာတဲ့အတွက် ကီးပက်တွေထက် 3G system ပါ touch screen ဖုန်းတွေအရောင်းအ၀ယ်ကောင်းပြီးဈေးနှုန်းတွေလည်း ခုန်တက် သွားကြတယ်လို့ ဟန်းဆက် အရောင်းဆိုင်ရှင်တဦးက ပြောပါတယ်။ ဟန်းဆက်ဈေးတွေဟာ ၇ သောင်းတန် ဟန်းဆက်တွေဟာ အခုဆို တစ်သိန်းကျော်ထိ တက်သွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013