DVB Logo
Home
မြန်မာသတင်း
ပြည့်တန်ဆာအဖြစ် ရောင်းချသည့် လူမှောင်ခိုဂိုဏ်း မဲဆောက်တွင် ဖမ်းမိ
DVB
·
August 7, 2014
ပြည့်တန်ဆာအဖြစ် ရောင်းချသည့် လူမှောင်ခိုဂိုဏ်း မဲဆောက်တွင် ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အသက်မပြည့်သေးသူအပါအ၀င် မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ရောင်းချတဲ့ လူကုန်ကူးဂိုဏ်းတခု ဖမ်းဆီးလိုက်ပါတယ်။

မဲဆောက်မြို့ မယ်ပရပ်ကွက် ပန်ဆ၀မ်ဟိုတယ်မှာ ထိုင်းထောက်လှမ်းရေးအဖွဲ့က အရပ်ဝတ်နဲ့ ဧည့်သည်ယောင်ဆောင်ပြီး မိန်းကလေးတွေ ခေါ်ယူရာက အဲဒီ လူကုန်ကူးဂိုဏ်းကို ဖမ်းမိတာလို့ မန်နေ ဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_61866" align="alignright" width="500"]ဓာတ်ပုံ - မန်နေဂျာ အွန်လိုင်း ဓာတ်ပုံ - မန်နေဂျာ အွန်လိုင်း[/caption]နယ်မြေထဲမှာ မိန်းကလေးတွေကို ပြည်တန်ဆာအဖြစ် ရောင်းချမှုတွေရှိကြောင်း သတင်းရထားချက်အရ ကြိုတင်စီမံထောက်လှမ်းပြီး လူကုန်ကူးဂိုဏ်းကို ဖမ်းမိခဲ့တာလို့ တာ့ခရိုင် လ၀ကရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သြဂုတ်လ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီမတိုင်ခင်က ထိုင်းထောက်လှမ်းရေးအဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေခေါ်ပေးဖို့ မြန်မာလူမျိုး ဟိုတယ်ဝန်ထမ်းကို ပြောပြီး အခန်းကနေ စောင့်ဆိုင်းနေကြောင်း၊ တချိန်တည်းမှာ ရဲနဲ့ စစ်တပ် ပူးပေါင်း အဖွဲ့တွေက မလှမ်းမကမ်းကနေ စောင့်ကြည့်နေကြောင်း၊ ခဏအကြာ အမျိုးသမီး ၃ ဦးကို ဆိုင်ကယ် ၂ စီးနဲ့ တင်ဆောင်လာပြီး အထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ ရဲမှူးက ရှင်းပြပါတယ်။

အဲဒီနောက် အမျိုးသမီးတဦးကို ဘတ် ၇၅၀ စီနဲ့ လဲလှယ်ပြီး ပြန်ထွက်သွားကြောင်း၊ သူတို့ ထွက်သွားတာနဲ့ ထောက်လှမ်းရေးက အပြင်မှာ စောင့်ဆိုင်းနေတဲ့ တပ်ဖွဲ့ဝင်တွေကို အချက်ပေးပြီး ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီအမှုမှာ မိန်းကလေးရရှိအောင် ဆက်သွယ်ပေးသူ ကိုပေါက် (အသက် ၂၀ နှစ်)၊ ငွေလက်ခံသူ ကိုဘတ်စ် (အသက် ၁၈ နှစ်) ၊ မိန်းကလေးတွေကို ပို့ဆောင်ပေးသူ ကိုစည်သူ (၂၁ နှစ်) နဲ့ ကိုချိုင်း (၂၂ နှစ်) တို့ ၄ ဦးကို ဖမ်းဆီးထားပြီး အားလုံးကလည်း ကျူးလွန်ကြောင်း ဖွင့်ဟ၀န်ခံခဲ့တဲ့အတွက် လိုအပ်သလို ဆက်လက်အရေးယူဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်မှာ အဓိက ဦးဆောင်ညွှန်ကြားနေတဲ့ ကိုထိန်လင်း ဆိုသူကိုလည်း ဖမ်းဆီးအရေးယူဖို့ သူတို့ ၄ ဦးက တိုင်ကြားခဲ့ကြောင်း၊ ဒီအမှုမှာ တရားခံရော၊ တန်ဆာခံတွေပါ အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း ရဲမှူးကြီးရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013