DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆု နော်အုန်းလှနှင့်အဖွဲ့ရရှိ
DVB
·
August 7, 2014
ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆု နော်အုန်းလှနှင့်အဖွဲ့ရရှိ
Donate to DVB

N Peace Network အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၄ ခုနှစ်အတွက် N peace award Thinking outside the box လို့ ခေါ်တဲ့ ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆုကို နော်အုန်းလှ ဦးဆောင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်က ရရှိခဲ့ပါတယ်။

Naw-Ohn-Hla-leaving-prisonဆုရရှိခဲ့တဲ့အပေါ် နော်အုန်းလှက “ငြိမ်းချမ်းရေးဆိုတာမှာ အလုပ်သမား၊ လယ်သမားတွေလည်း ငြိမ်းချမ်းဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ အန်တီတို့ အမျိုးသမီးကွန်ရက်ကလည်း ဒီမိုကရေစီ အမျိုးသမီး ကွန်ရက်လို့ နာမည်တပ်ထားတဲ့အခါကျတော့ အလုပ်သမားလယ်သမားတွေ ငြိမ်းချမ်းမှ ကိုက်ညီမှုရှိမယ်လို့ ခံယူတဲ့အတွက် လယ်သမားတွေနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ လုပ်တယ်၊ လုပ်ငန်းခွင် ဆက်စပ်မှုနဲ့ ပတ်သက်လို့ အမျိုးသမီးတွေကိုလည်း လက်လှမ်းမီသလောက် ကူညီတယ်။ အသိပညာပေးတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါက အန်တီတို့ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေပေါ့။ အခုလက်ရှိ အခြေအနေမှာ အန်တီတို့နိုင်ငံမှာ တောင်သူလယ်သမား အလုပ်သမားတွေဘ၀ မငြိမ်းချမ်းဘူး။ ဆုပေးလိုက်တဲ့အတွက် ငြိမ်းချမ်းရေးရအောင် တိုင်းပြည်အတွက် အများကြီးကြိုးစားရမယ်လို့ နားလည်ပါတယ်”လို့ ပြောပါတယ်။

N Peace Network အဖွဲ့ဟာ အာရှနိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားစွာ ဆောင်ရွက်နေသူ အမျိုးသမီးတွေကို ဆုချီးမြှင့်နေတာမှာ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံက အဆိုတင်သွင်းခံရသူ ၁၀ ဦးရှိပါတယ်။

အဲဒီဆုကို ဒီနှစ် ဧပြီလ ကစပြီး အွန်လိုင်းမဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တာမှာ သုံးဦး အရွေးချယ်ခံခဲ့ရတဲ့အနက် နော်အုန်းလှတို့ အဖွဲ့လည်း တခုအပါအ၀င်ဖြစ်ပါတယ်။

နောက်ထပ် ၂ ဦးကတော့ မွန်အမျိုးသမီးအရေးဆောင်ရွက်နေသူ မိခင်ခင်ကြူနဲ့ နိုင်ငံရေး လှုပ်ရှားသူ မဝေေ၀နုတို့ ဖြစ်ကြပါတယ်။

ဆုရသူများစာရင်းကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်အကြောင်းကြားခဲ့တာဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် အောက်တိုဘာလကျရင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013