DVB Logo
Home
မြန်မာသတင်း
ဆူပါမွန်းနေ့ ဒီရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ပိုမိုဆိုးရွားနိုင်
DVB
·
August 7, 2014
ဆူပါမွန်းနေ့ ဒီရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ပိုမိုဆိုးရွားနိုင်
Donate to DVB

လနဲ့ ကမ္ဘာ အနီးကပ်ဆုံးရှိမယ့် Supermoon (ဆူပါမွန်း) နေ့ သြဂုတ် ၁၀ ရက်မှာ ဒီရေတက်မှာကြောင့် လက်ရှိ မြန်မာနိုင်ငံတွင်း ရေကြီးမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောပါတယ်။

[caption id="attachment_61843" align="alignright" width="450"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဒီရေဟာ လရဲ့ ဆွဲအားကြောင့် အတက်အကျဖြစ်ပေါ်တာမို့ အဲ့ဒီနေ့မှာ ဒီရေအမြင့် ၇ ပေလောက်ထိ တက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။

“ဒီရေတော့ ဖြစ်နိုင်တယ်။ အနည်းဆုံး ၇ ပေလောက် တက်နိုင်တယ်လို့ ရန်ကုန်မှာ မှန်းထားတယ်။ သေချာပေါက် ဖြစ်နိုင်တယ်။ သေချာပေါက်ဖြစ်နိုင်တဲ့ အရာပဲ။ ကျန်တာကတော့ ဘာမှ သိပ္ပံအရ ပြောလို့ မရပါဘူး။ ဒီရေဆိုတာကတော့ ပင်လယ်ရေနဲ့ ဆက်စပ်တဲ့ နေရာအားလုံး အကျုံးဝင်တာပေါ့ဗျာ။ ရန်ကုန်လည်းပါတယ်။ ၇ ပေလောက်အထိ တက်နိုင်လို့ ကျနော်တို့ ခန့်မှန်း ထားပါတယ်။ ဒီရေရဲ့ သဘာဝက လရဲ့ ဆွဲအားနဲ့ ဖြစ်တာကိုး။ အဲဒီတော့ လက အကြီးဆုံးနဲ့ အနီးဆုံးရောက်တယ်ဆိုတော့ ဒီရေကတော့ ပြေးမလွတ်တော့ဘူး ဖြစ်မှာပေါ့။”

လတ်တလော မြန်မာနိုင်ငံက ရန်ကုန်နဲ့ ပဲခူးတို့မှာ ရေကြီးနေပြီး အခု တက်မယ့်ဒီရေကြောင့် ရေကြီးတာ ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ နက္ခတ်သိပံ္ပအဖွဲ့က ဦးဇေယျာကိုကတော့ ဆူပါမွန်းဖြစ်တိုင်း ငလျင်မလှုပ်ပေမယ့် ဆူနာမီ ပင်လယ်ရေအောက်ငလျင် ဖြစ်ခဲ့တာတွေက ဆူပါမွန်းဖြစ်ပြီး ရက်ပိုင်းအတွင်း ဖြစ်ခဲ့တာ တွေ့ရလို့ သူတို့အသင်းက ကြေညာချက်ထုတ်ထားတယ်လို့ ပြောပါတယ်။

“ဆူပါမွန်းဖြစ်တိုင်းတော့ အင်အားပြင်းငလျင်တို့၊ ဆူနာမီပါတဲ့ ငလျင်တွေ ဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အင်အားပြင်းငလျင်တွေ လှုပ်တဲ့နေရာမှာ ဆူပါမွန်းနဲ့ တိုက်ဆိုင်ခဲ့တာတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ဂျပန်မှာ ဖြစ်တဲ့ ဆူနာမီ ငလျင်ဆိုရင် ဆူပါမွန်း ဖြစ်ပြီး ၁ ပတ်အတွင်းမှာ လှုပ်သွားတာပေါ့။ အဲဒါလေးတွေ တိုက်ဆိုက်တာတွေ ရှိတော့ ကျနော်တို့က ကြိုပြီးတော့ သတိထားနိုင်အောင် သတင်းထုတ်ပြန်ပေးတာပါ။ ကျန်တဲ့ ကြားထဲမှာ နှစ်စဉ် ၁ နှစ် ၁ ကြိမ်ကတော့ ဆူပါမွန်းကတော့ ဖြစ်နေတာပဲ။ ဒါပေမယ့် ဆူပါမွန်းဖြစ်တိုင်းလည်း ငလျင်မလှုပ်နိုင်ဘူး။ သို့သော်ငြားလည်း ဆူနာမီပါတဲ့ ငလျင်ကြီးတွေ လှုပ်ခဲ့တဲ့ဟာမှာလည်း ဆူပါမွန်းနဲ့ တိုက်ဆိုင်ခဲ့တာတွေတော့ ရှိနေတတ်တယ်။”

သြဂုတ် ၁၀ ရက်မှာ လဟာ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂ သိန်းကျော်က လှည့်ပတ်မှာဖြစ်ပြီး ဒီနှစ်ထဲ ဆူပါမွန်းဖြစ်စဉ် ၅ကြိမ်ဖြစ်ပေါ်ဖို့ ရှိပါတယ်။

ဇန်န၀ါရီလထဲမှာ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာတို့မှာ တကြိမ်စီ ဖြစ်ပေါ်မှာပါ။

သြဂုတ် ၄ ရက်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ခဲ့တဲ့ သတင်းအရတော့ သြဂုတ် ၉ ရက်ကနေ ၁၆ ရက်အတွင်း ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်မယ်၊ အမြင့်ပေ ၂၀ ဒသမ ၁ ပေခန့်ကနေ ၂၁ ဒသမ ၉ ပေလောက်ထိ တက်နိုင်တယ်၊ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013